နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အလုံမြို့နယ်၊ သာသန ဟိတကာရီ ကွင်းကျောင်းပရိယတ္တိစာသင်တိုက် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်  ဇူလိုင်  ၁၂

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များသည် ယမန်နေ့ နံနက်ပိုင်း  က အလုံမြို့နယ်၊ ဆင်မင်း ရပ်ကွက်ရှိ သာသန ဟိတကာရီ ကွင်းကျောင်းပရိယတ္တိ စာသင် တိုက်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွင်းကျောင်းပရိယတ္တိ စာသင် တိုက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ အုပ်ကြီး ပါမောက္ခ ဒေါက်တာ သီတာလှ၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန တို့က တာဝန်ရှိသူများ၊ ခရိုင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူ များက ကျောင်းတိုက်တွင် သီတင်းသုံး သံဃာတော် ၂၁၆ ပါး၏ သောက်ရေ၊ သုံးရေ အသုံးပြုသည့်စနစ်၊ ရေချိုးသည့် စနစ်နှင့် ကုဋီ (အိမ်သာ) သုံးစွဲမှု စနစ်များ၊ အိမ်သာအသုံးပြုပြီး လက်ဆေးရန် ပြင်ဆင်ထားရှိ မှု၊ အသုံးပြုသည့် ရေများကို ကျန်းမာရေးဌာနက ကလိုရင်း ဆေးထည့်ခြင်း ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းထိုင်ဆရာတော် အလုံ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္ထဝါစက ဘဒ္ဒန္တ သုဇာတ ဆရာတော်အရှင်သူမြတ် အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ၊ နဝကမ္မ အလှူငွေ များနှင့် ဓာတ်ဆားထုပ်များ၊ ရေသန့်ဆေးပြားများ၊ လက်သန့် ဆေးရည်ဘူးများ၊ ကလိုရင်း ထုပ်များ၊ ဆပ်ပြာခဲများ၊ နှာခေါင်း စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ ဝမ်းပျက် ဝမ်းလျှောရောဂါ လက္ခဏာဖြင့် ဆေးရုံတက်ရောက်သူ လူနာ ၅၃၀ ဦးရှိရာ ၂၁၇ ဦးသည် ရောဂါပျောက်ကင်း၍ ဆေးရုံမှ ပြန်လည်ဆင်းသွားပြီး ၃၀၉ ဦး မှာ ဆေးရုံတက်ရောက်နေဆဲ ဖြစ်ကြောင်း၊ လေးဦးမှာသေဆုံး ခဲ့ကြောင်းနှင့် အဆိုပါသေဆုံးသူ လေးဦးမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့်မဟုတ်ဘဲ နာတာ ရှည် ကျောက်ကပ်၊ နှလုံး၊ Lep- tospirosis နှင့် အခြားရောဂါ များကြောင့်ဖြစ်ကြောင်း သိရ သည်။   








ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ