နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းဝန်ကြီးချုပ် ရာထူးမှဖယ်ရှားရေးအမှု ဇူလိုင် ၂၄ ရက် ကြားနာမည်

ဘန်ကောက် ဇူလိုင် ၁၁

ထိုင်းဝန်ကြီးချုပ် ဆရီသာထဝီဆင် ကို ရာထူးကဖယ်ရှားရေးအမှုတွင် သက်သေ အထောက်အထားများ ပိုမိုရယူလိုသည့်အတွက် အမှုကို ဇူလိုင် ၂၄ ရက်တွင် ကြားနာရန် ထိုင်း အခြေခံဥပဒေတရားရုံးက ချိန်းဆို လိုက်သည်။(ပုံ)

ယင်းအမှုကို စက်တင်ဘာလ မတိုင်မီ ဆုံးဖြတ်သွားမည်ဖြစ်ပြီး ထပ်မံတောင်းဆိုထားသော အချက် အလက်များတွင် သက်သေ အထောက် အထားများနှင့် ယခင် ဆင့်ခေါ်ခဲ့သူ များထံမှ အထောက်အထားများ ထပ်မံ ရယူရေးလည်း ပါဝင်ကြောင်း သိရ သည်။

တရားရုံးကို မထီမဲ့မြင်ပြုလုပ်မှုနှင့် ထောင်ဒဏ်ကျဖူးသော ရှေ့နေတစ်ဦး ကို ဝန်ကြီးချုပ် ဆရီသာကဝန်ကြီး အဖွဲ့တွင် ခန့်အပ်ခဲ့ခြင်းနှင့်ပတ်သက် ၍ ဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှား သင့်ကြောင်း အထက်လွှတ်တော် အမတ်များက တောင်းဆိုနေကြသော် လည်း အဆိုပါ ရှေ့နေသည် အစိုးရ အဖွဲ့ က နုတ်ထွက် သွားပြီဖြစ်ကာ အမှားကျူးလွန်ခဲ့ခြင်း မရှိကြောင်း ဆရီသာက ပြန်လည် ငြင်းဆို ထား သည်။

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ဆရီသာ ရာထူးမှ ဖယ်ရှားခံရပါက အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရမည် ဖြစ်ပြီး ယင်း၏ အာဏာရ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်သစ်တစ်ဦးကို အဆိုပြုရ မည် ဖြစ်ကာ ပါလီမန်က အတည်ပြု ပေးရမည် ဖြစ်သည်။










(ref:Reuters)






အခြားဆက်စပ်သတင်းများ