နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတဘိုင်ဒင် ၂၀၂၄ ရွေးကောက်ပွဲ ဝင်ပြိုင်မည်

ဝါရှင်တန်  ဇူလိုင် ၁၁

လာမည့်ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရန် အခိုင်အမာ ဆုံးဖြတ်ထားကြောင်းအမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ထပ်တလဲလဲ ပြောကြားထားပြီး ဒီမိုကရက် လွှတ်တော်အမတ်များထံ စာရေးသား ပေးပို့ထားကြောင်း  သိရသည်။(ပုံ)

သမ္မတဟောင်း ဒေါ်နယ်ထရမ့် နှင့် လတ်တလောစကားစစ်ထိုးပွဲတွင် ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းမရှိ သည့်အတွက်  ဝေဖန်ပြောဆိုနေမှု များကို နားလည်သော်လည်း အပြစ် ပြောဆိုနေခြင်းများကို ရပ်တန့်သင့်ပြီ ဟု သမ္မတဘိုင်ဒင်က ပြောသည်။

အသက် ၈၁ နှစ်အရွယ် သမ္မတ ဘိုင်ဒန်ကို  ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုများ ရပ်နားရန် လူသိရှင် ကြားပြောဆိုနေကြသည့် အောက် လွှတ်တော်ဒီမိုကရက်အမတ်များ ပိုမိုများပြားလာပြီး  လူသိရှင်ကြား မဟုတ်ဘဲ အလားတူအမြင် သဘော ထားမျိုး ပြောဆိုနေသူများ လည်း ပိုမို များပြားလျက်ရှိသည်။

သတင်းဌာနများက မည်သို့ပင် ထင်ကြေးပေးနေသော်လည်းသမ္မတ ဟောင်းထရမ့်ကို  အနိုင်ရရန် ယခု ရွေးကောက်ပွဲကို အဆုံးထိ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ဒီမိုကရက် လွှတ်တော်အမတ်များထံ ပေးပို့သည့် စာထဲတွင် သမ္မတဘိုင်ဒန်က ပြော သည်။                                 








 (ref: AFP)






အခြားဆက်စပ်သတင်းများ