နယူးဒေလီ ဇူလိုင် ၁၀
အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့ပထမဆုံး သဘာဝဓာတ်ငွေ့ (CNG) စွမ်းအင်သုံး မော်တော်ဆိုင်ကယ်ကို မိတ်ဆက်ပြသ လိုက်ပြီး ဖရီးဒမ်း-125 (Freedom 125) အမည်ရှိ ယင်းဆိုင်ကယ်ကို အိန္ဒိယအခြေစိုက် ဘာဂျာ့ဂျ် အော်တို ကုမ္ပဏီက ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။(ပုံ)
မဟာရက်ရှ်တာပြည်နယ်၊ ပူနေး မြို့တွင် ပြုလုပ်သည့် ပြပွဲတွင် CNG ဆိုင်ကယ်ကို ပို့ဆောင်ရေးဝန်ကြီး နီတင်ဂက်ဒ်ကာရီကိုယ်တိုင် မိတ် ဆက်ပြသခြင်းဖြစ်ပြီး CNG သည် အိန္ဒိယတွင် ဓာတ်ဆီ၊ ဒီဇယ်ထက် ကုန်ကျစရိတ် ပို၍သက်သာစေသည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုသည် အိန္ဒိယတွင် ကြီးထွားလာသည့် ပြဿနာတစ်ရပ်ဖြစ်ခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရန်နှင့် လောင်စာဆီတင်သွင်း မှု လျှော့ချရန် ကြိုးစားနေကြောင်း သိရသည်။
CNG ဆိုင်ကယ်များသည် နှစ်လီတာ CNG အိုးကို တစ်ကြိမ်ဖြည့် ထားပါက ကီလိုမီတာ ၃၃၀ အထိ မောင်းနှင်နိုင်မည်ဖြစ်ပြီး ဆိုင်ကယ် စျေးနှုန်းမှာ ရူပီး ၉၅,၀၀၀ မှ ရူပီး တစ်သိန်းကျော်အထိ ကျသင့်မည်ဖြစ် ကြောင်း သိရသည်။
(ref: Reuters)