ရန်ကုန် ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် ဇွန် ၂၅ ရက်မှစတင်၍ ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံ တက်ရောက်ကုသမှုများ နှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ အနီးကပ် ကြီးကြပ်ပံ့ပိုးမှု၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်ပံ့ပိုးမှုတို့နှင့် အတူ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန် ရှိသူများအနေဖြင့် ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက် ရှိသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ ကော်မတီဝင် ဒေါက်တာဇော်ဝင်း နှင့် ဒေါက်တာငွေစန်းတို့သည် ဌာနမှူးများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ စျေးကုန်း အနောက်ရပ်ကွက်၊ လှိုင်မြစ် လမ်းရှိ စျေးများနှင့်ကုန်စည် ပွဲရုံများဌာန အင်းစိန်စျေးနှင့် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းရှိ ဂန္ဓမာ စျေး၊ အင်းစိန်မြို့နယ်၊ ကွက်သစ် ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ အမှတ် (၁၂) အခြေခံပညာမူလ တန်းကျောင်းနှင့် မရမ်းကုန်း မြို့နယ်၊ (၃) ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းရှိ အမှတ် (၂)အခြေခံပညာအထက်တန်း ကျောင်းတို့တွင် ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ကော်မတီဝင်များနှင့် တာဝန် ရှိသူများသည် ယနေ့နံနက် ၇ နာရီက အင်းစိန်မြို့နယ်၊ စျေးကုန်းအနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန အင်းစိန် စျေးနှင့် မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်းရှိ ဂန္ဓမာစျေး များသို့ သွားရောက်၍ ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်း အဖွဲ့များပူးပေါင်းကာ ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အသံချဲ့စက်များဖြင့် အသိပေး နှိုးဆော်ခြင်း၊ သောက်ရေ သန့်ရှင်းရေးအတွက် ရေသန့် ဆေးပြားများဝေငှခြင်း၊ သုံးရေ သန့်ရှင်းရေးအတွက် ကလိုရင်း ဆေးခတ်ခြင်း၊ စျေးအတွင်း ရောင်းချလျက်ရှိသည့် ဟင်းသီး ဟင်းရွက်နှင့် သားငါးများ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ၊ အစားအစာများတွင် ဓာတု ဆိုးဆေးများ သုံးစွဲထားမှုရှိ/မရှိ၊ အသား၊ ငါးများ ရောင်းချရာတွင် ယင်လုံပိတ်စများ ဖုံးအုပ်ထားမှု ရှိ/မရှိ၊ သန့်စင်ခန်းများ သန့်ရှင်းမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီဝင် ဒေါက်တာငွေစန်း က ကျန်းမာရေးနှင့်ညီညွတ်သည့် အသား၊ ငါးများကိုသာရောင်းချ ရန်၊ စျေးအတွင်းသန့်ရှင်းသပ်ရပ် မှုရှိစွာ ရောင်းဝယ်ဖောက်ကား ကြရန်၊ စျေးအတွင်းရောင်းချ သည့် စျေးသည်များအနေဖြင့် စည်းကမ်းနှင့်အညီ ရောင်းဝယ် ကြရန်၊ စျေးအတွင်းရှိအများသုံး သန့်စင်ခန်းများ အစဉ်သန့်ရှင်းမှု ရှိစေရန်နှင့် လက်ဆေးနေရာတွင် ဆပ်ပြာများ ထားရှိရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အင်းစိန်စျေးသည် ၄ ဒသမ ၅၁၅ ဧကကျယ်ဝန်းပြီး စျေးရုံ ၁၁ ရုံတွင် စျေးဆိုင်ခန်း ၁၅၃၃ ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဂန္ဓမာစျေးသည် အလျား ၂၈၄ ပေ၊ အနံ ၁၂၂ ပေ ကျယ်ဝန်းကာ စျေးရုံ ၂၁ ရုံတွင် စျေးဆိုင်ခန်း ၄၈၇ ခန်း ဖွင့်လှစ်ရောင်းချ လျက်ရှိသည်။
ထို့နောက် ကော်မတီဝင် များနှင့် တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ ကွက်သစ် ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ အမှတ် (၁၂) အခြေခံပညာ မူလတန်းကျောင်းနှင့် မရမ်းကုန်း မြို့နယ်၊ (၃) ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက် ၍ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာ ပေး ပိုစတာများဆောင်ရွက် ထားရှိမှု၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ ရောဂါဖြစ်ပွားမှု မရှိစေရေး ဆောင်ရန်/ရှောင်ရန် များကို အသိပညာပေးမှုများနှင့် ကျောင်းအတွင်း သန့်စင်ခန်းများ သန့်ရှင်းမှုရှိ/မရှိ၊ သောက်သုံး ရေကန်များ သန့်ရှင်းမှုရှိ/မရှိ၊ လက်ဆေးနေရာများတွင် ဆပ်ပြာများထားရှိခြင်းရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီဝင် ဒေါက်တာငွေစန်း က ဝမ်းပျက်ဝမ်းလျှောရောဂါ သည် အဓိကအစားအသောက် နှင့် ရေမှကူးစက်ခြင်းဖြစ်သဖြင့် သန့်ရှင်းသော သောက်သုံးရေ နှင့် ယင်မနားသောအစားအစာ များ စားသောက်ရန်၊ ဝမ်းပျက် ဝမ်းလျှော ရောဂါမဖြစ်စေရေး အတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ အသိပညာပေးမှုများ ကို လိုက်နာဆောင်ရွက်ရန်၊ ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်း ကို ကျန်းမာရေးဝန်ကြီးဌာန က ညွှန်ကြားထားသည့်အတိုင်း လုပ်ဆောင်ရန်၊ ယခုရက်ပိုင်း အတွင်း ကျောင်းပျက်သည့် ကျောင်းသား/ကျောင်းသူများ စာရင်းကို စနစ်တကျပြုလုပ် ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်း ရှိ/မရှိ ဆောင်ရွက် ရန်၊ ကျောင်းအတွင်းလက်ဆေး နေရာများတွင် ဆပ်ပြာများ ထားရှိရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်း-ရဲနန္ဒာလင်းမြင့်
ဓာတ်ပုံ-ကျော်သူထက်