နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှထူးချွန်စွာအောင်မြင်ခဲ့သူများ၊ အောင်ချက်အကောင်းဆုံးမြို့နယ်များနှင့် ကျောင်းများအား ဂုဏ်ပြုဆုများချီးမြှင့်

ရန်ကုန်  ဇူလိုင်  ၁၀ 

၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော ရန်ကုန်တိုင်းဒေသကြီး မှ ကျောင်းသား၊ ကျောင်းသူ များ၊  အောင်ချက်အကောင်းဆုံး မြို့နယ်များနှင့် အခြေခံပညာ ကျောင်းများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနား ကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ  ဗိုလ်တထောင် မြို့နယ် အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ က “ ပညာရည်ချွန် လူရည်မွန်” သီချင်းဖြင့် အခမ်းအနား  စတင်ဖွင့်လှစ်ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က ဂုဏ်ပြုအမှာစကား  ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင် က ဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်  တက္ကသိုလ်ဝင် စာမေးပွဲတွင်  ရန်ကုန်တိုင်း ဒေသကြီးမှ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူများနှင့် သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) အမှတ်အများ ဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ အောင်ချက် အကောင်းဆုံး မြို့နယ်များနှင့် အခြေခံပညာ အထက်တန်းကျောင်းများအား လည်းကောင်း၊ ခြောက်ဘာသာ ဂုဏ်ထူးရှင်များနှင့် ငါးဘာသာ ဂုဏ်ထူးရှင်များအားလည်းကောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ မှတ်တမ်းလွှာ များနှင့် ချီးမြှင့်ငွေများကို ဂုဏ်ပြုချီးမြှင့်ကြသည်။

ဆက်လက်၍ လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူများ အား ခရိုင်အလိုက် ကိုယ်စားပြု ပြန်လည်ချီးမြှင့်နိုင်ရန်အတွက် တာဝန်ရှိသူများက  ခရိုင်ပညာရေးမှူးများထံ ဂုဏ်ပြု ဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ  ပေးအပ်သည်။

ထို့နောက် မြန်မာတစ်နိုင်ငံ လုံး ပထမဆုရခြောက်ဘာသာ ဂုဏ်ထူးရှင် မောင်မင်းခန့်ဗိုလ် က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် လမ်းမတော် မြို့နယ် အမှတ် ၂ အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းနှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ်က သီဆို တင်ဆက်ကြသူများနှင့် အခမ်း အနားတွင်  ဝိုင်းဝန်းဆောင်ရွက် ပေးသော ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၏ စာဖြေဌာန ၇၃ ခုမှ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၁၈၀၅၆ ဦး ဝင်ရောက် ဖြေဆိုရာ အောင်မြင်သူ ၉၆၅၆ ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်း ၅၃ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်ကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံး အမှတ် အများဆုံး ပထမ၊ ဒုတိယ၊ စတုတ္တ နှစ်ဦး၊ ဆဌမ၊ သတ္တမ နှစ်ဦး၊ ဘာသာတွဲအလိုက် အမှတ်အများဆုံး ရရှိသူများ၊ ခြောက်ဘာသာဂုဏ်ထူးရှင်   ၁၆၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၅၇ ဦး၊ လေးဘာသာဂုဏ်ထူး ရှင်၂၃၁ ဦး၊ သုံးဘာသာဂုဏ်ထူး ရှင် ၂၃၈ ဦး၊နှစ်ဘာသာဂုဏ်ထူး ရှင် ၃၅၃ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၈၉၇ ဦး တို့ ဖြစ်သည်။









ဆန်းကျော်ဦး 

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ