နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်   ဇူလိုင်   ၁၀

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များအတွင်း ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာကေတ မြို့နယ်၊ ၁-အနော်မာရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အတွက် သောက်ရေအသုံးပြုမှုစနစ်၊ အိမ်သာသုံးစွဲမှုစနစ်၊ အိမ်သာ အသုံးပြုပြီး လက်ဆေးရန် ပြင်ဆင်ထားရှိမှု၊ အသုံးပြုသည့်ရေများ ကို ကျန်းမာရေးဌာနက ကလိုရင်းဆေးခတ်ခြင်း ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အမှတ် (၁) ဈေးတွင် ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ဈေး အဝင်/အထွက် အများမြင်သာသည့်နေရာတွင် ဗီနိုင်းဖြင့် အသိပညာပေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသုံးပြုသည့် အိမ်သာများ၊                  လက်ဆေးရန်နေရာ ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ အလားတူ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဘိုကလေးဈေး အတွင်း ဈေးသူဈေးသားများ အသုံးပြုသည့် အိမ်သာများ သန့်ရှင်းသပ်ရပ်မှုရှိ၊ မရှိ ကြည့်ရှု စစ်ဆေးပြီး ဈေးရောင်းချနေမှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေသိုလှောင်ကန်များကို ကလိုရင်း ဆေးခတ်ခြင်း၊ လက်ဆေးဆပ်ပြာရည်နှင့် ဆပ်ပြာ ခဲများ၊ ဓာတ်ဆားထုပ်များဖြန့်ဝေခြင်း၊ ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေး ပိုစတာများကပ်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ စက်မှုဇုန် ၂၉ ဇုန်မှ ဇုန်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၈ ရက်၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမတွင် တွေ့ဆုံကြပြီး ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် ရေး ကိစ္စရပ်များကို ဆွေးနွေးကာ Chlorine Drum များ၊ Water Purification Tablet များ၊ ဓာတ်ဆားထုပ်များကို ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များထံ လွှဲပြောင်းပေးအပ်သည်။








ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ