နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

ရန်ကုန်  ဇူလိုင်  ၁၀

မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းနှင့် အိန္ဒိယလက်ရွေး စင် အမျိုးသမီးအသင်းတို့ ခြေစမ်းပွဲကို ဇူလိုင် ၉ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏ ဘောလုံးကွင်း၌ ကျင်းပသည်။

ထိုသို့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှု ကို အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အာရှဘောလုံး အဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးပရိသတ် များက ကြည့်ရှုအားပေးကြသည်။

မြန်မာအသင်းသည် တိုက်စစ် ဦးစားပေးကစားခဲ့ပြီး အိန္ဒိယ အသင်းကလည်း အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ရာ ၁၃ မိနစ်တွင် ထောင့်ကန်ဘောကို ဝင်းသိင်္ဂီထွန်းက ခေါင်းတိုက် သွင်းယူ၍ ပထမပိုင်းအပြီးတွင် မြန်မာအသင်းက တစ်ဂိုးအသာ ဖြင့် ဦးဆောင်နေသည်။

ဒုတိယပိုင်းတွင် ချေပဂိုးရ ရန် ကြိုးစားလာသည့် အိန္ဒိယ အသင်းသည် ၅၇ မိနစ်တွင် ပီယာရီက ချေပဂိုး သွင်းယူလိုက် သည်။ နောက်ပိုင်းတွင် ပွဲမှာ အပြန်အလှန် ပိုရှိလာပြီး ၇၄ မိနစ် တွင် စန်းသော်သော်က မြန်မာ အသင်းအတွက် အနိုင်ဂိုးသွင်းယူ လိုက်ပြီး ပွဲအပြီးတွင် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းက နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း နှင့် အိန္ဒိယလက်ရွေးစင်အသင်း တို့၏ ဒုတိယခြေစမ်းပွဲကို ဇူလိုင် ၁၂ ရက်တွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။







ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ