နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်ဝါယာကြိုးဖြင့် နယ်စပ်စည်းရိုးခတ်

ပနားမားစီးတီး ဇူလိုင် ၉

အမေရိကတိုက် အလယ်ပိုင်းနှင့် ကိုလံဘီယာနိုင်ငံကို ဆက်သွယ်ပေး သည့် ဒါရီးယန်တောအုပ်ကို ဖြတ်သန်းဝင် ရောက်နေသော ရွှေ့ပြောင်း ဒုက္ခသည် များကို တားဆီးရန် ပနားမားအစိုးရက ရွှေ့ပြောင်းများ   ဝင်လေ့ရှိသည့် နယ်စပ်ဝင်ပေါက်များတွင် လျှပ်စစ် ဝါယာကြိုးများနှင့် စည်းရိုးခတ်ထား ကြောင်း သိရသည်။(ပုံ)

ယင်းသို့ စည်းရိုးခတ်လိုက်သည့် အတွက် ဒေသခံများနှင့် အိမ်နီးချင်း နိုင်ငံများက ဝေဖန်ကန့်ကွက်လျက်ရှိပြီး ပနားမား နယ်ခြားရေးရာဌာနက ယင်းတောအုပ်ထဲ တရားမဝင်နယ်စပ် ဝင်ပေါက်များသည် အမေရိကန်ကို ဦးတည်သွားလာနေသည့် ရွှေ့ပြောင်း အုပ်စုများ အဓိကသုံးနေသည့် လမ်းကြောင်းများ ဖြစ်နေကြောင်း ပြောသည်။ 

နယ်စပ်ဝင်ပေါက်များကတစ်ဆင့် ရွှေ့ပြောင်းဦးရေ ၁၉၅,၀၀၀ ကျော် ဖြတ်သန်းခဲ့ပြီး ယင်းနေရာများတွင် လျှပ်စစ်ဝါယာကြိုးနှင့်  စည်းရိုး ခတ်လိုက်ခြင်းသည်  ရွှေ့ပြောင်းများ ကြုံတွေ့ရသည့် ဆိုးရွားသည့် အခြေ အနေများထက် ပိုမိုအန္တရာယ်များသည့် လမ်းကြောင်းများကို တွန်းပို့နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန် နေကြသည်။

ကိုလံဘီယာ  နိုင်ငံကလည်း ပနားမားအစိုးရအနေဖြင့် ရွှေ့ပြောင်း များ၏ လူ့အခွင့်အရေးနှင့် ခိုလှုံခွင့် ဆိုင်ရာ ရပိုင်ခွင့်များကို အာမခံပေးရန် တိုက်တွန်းထားသည်။ 








(ref: AFP)






အခြားဆက်စပ်သတင်းများ