နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုတ်သုံမိုးသည်းထန်မှုကြောင့် မွမ်ဘိုင်းမြို့ ရထားလမ်းနှင့်ကားလမ်းများ ရေနစ်မြုပ်

နယူးဒေလီ ဇူလိုင် ၉

အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီ မိုးသည်းထန်ခြင်းကြောင့် စီးပွားရေး မြို့တော် မွန်ဘိုင်းတွင် ရထားလမ်း နှင့် ကားလမ်းများ  ရေမြုပ်နေပြီး(ပုံ) လေယာဉ်ခရီးစဉ်အချို့ကိုလည်း ဖျက် သိမ်းထားကြောင်း သိရသည်။

လူဦးရေ ၁၂ သန်းခန့် နေထိုင်သည့် မွမ်ဘိုင်းမြို့ကြီးတွင် စာသင်ကျောင်း အချို့နှင့် ကောလိပ်များကိုလည်း ပိတ် ထားရပြီး အချို့နေရာများတွင် မြစ်ရေ ကြီးမှုကြောင့် နေ့စဉ်သွားလာလှုပ်ရှား နေသူများသည် ဒူးအထိနက်သည့် ရေများထဲတွင် သွားလာနေကြကာ နေရာဒေသအများအပြားတွင် ကားများ တစ်စိတ်တစ်ပိုင်း ရေမြုပ်နေကြကြောင်း သိရသည်။

မြို့ကြီး၏ အရှေ့ဘက် နှင့်  အနောက် ဘက် အဝေးပြေးလမ်းမကြီးများတွင် လည်း ကားများပိတ်ဆို့နေပြီး ရထား လမ်းများ ရေကြီးနေခြင်းကြောင့်  အဝေးပြေးရထားခရီးစဉ်များကို ရပ်နားထားကာ မြို့ထဲသွားလာသည့် ရထားများ ပြေးဆွဲနေသော်လည်း ရေကြီးနေသည့် နေရာများတွင် ရထားများရပ်တန့်နေကြောင်း သိရ သည်။

ထို့ပြင် နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင်လည်း မြစ်ရေ ကြီးမှုများကြောင့် လူပေါင်း နှစ်သန်း ခန့် ထိခိုက်ကာ ချိုတစ်ခုတည်းပါ သည့် ရှားပါးကြံ့များ နေထိုင်ကျက်စားသည့် ကာဇီရန်ကာ   အမျိုးသား ဥယျာဉ် တွင်လည်း ကြံ့ခြောက်ကောင် ရေနစ် သွားကြောင်း အာဏာပိုင်များက ပြောသည်။                       






(ref:AP)






အခြားဆက်စပ်သတင်းများ