တိုကျို ဇူလိုင် ၉
ဂျပန်နိုင်ငံရှိ ရထားလမ်း ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ၁၂ မီတာအရွယ်အစားရှိ ဧရာမ လူတူ စက်ရုပ်ကို West Japan မီးရထားလမ်း ကုမ္ပဏီက ဇူလိုင် ၈ ရက်တွင် စတင် မိတ်ဆက်လိုက်သည်။(ပုံ)
သိပ္ပံပညာဖန်တီးမှုတစ်ခုနှင့် သဏ္ဍာန်တူသည့် Wall-E ပုံစံဦးခေါင်း နှင့် Coke အချိုရည်ပုလင်းပုံစံ မျက်လုံးများပါရှိသည့် အဆိုပါစက်ရုပ် သည် သစ်ပင်အကိုင်းအခက်များကို ဖြတ်တောက်ခြင်း၊ သတ္တုဘောင်များကို ဆေးသုတ်ခြင်းနှင့် လေးလံသည့်အရာ များကို သယ်ဆောင်နိုင်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
၎င်းကို ထိန်းချုပ်ခန်းကတစ်ဆင့် အဝေးထိန်းစနစ်ဖြင့် စေခိုင်းပြီး လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်း နိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
(ref: The Guardian)