နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းလေဆိပ်ရှိ အကောက်ခွန်ကင်းလွတ်ခွင့်ပြု ဆိုင်များ ပိတ်သိမ်းမည်

ဘန်ကောက် ဇူလိုင် ၉

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သည့် ခရီးသွားများ အနေဖြင့် နိုင်ငံ၏ အခြားနေရာ များတွင် ငွေကြေးပိုမိုသုံးစွဲနိုင်ရန် ထိုင်းအစိုးရက နိုင်ငံတကာလေဆိပ် ဆိုက်ရောက်ခန်းမရှိ အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားသော ဈေးဆိုင် များကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ဇူလိုင် ၈ ရက်တွင် ကြေညာသည်။

ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ နှင့် ဒွန်မောင်းလေဆိပ် အပါအဝင် နိုင်ငံတကာလေဆိပ် ရှစ်ခုတွင်ထားရှိ သည့် အကောက်ခွန်ကင်းလွတ် စီးပွားရေး လုပ်ကိုင်သည့် ကုမ္ပဏီ သုံးခုက  လုပ်ငန်းများ ဆိုင်းငံ့ရန် သဘောတူလိုက်ကြောင်း အစိုးရပြော ခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ထို့ပြင် ချင်းမိုင်၊ ဖူးခက်၊ဟတ်ယိုင်၊ ရာယောင်း  ၊ ဆာမူအီနှင့် ခရာဘီ လေဆိပ်တို့တွင်လည်း အလားတူ ဆောင်ရွက်မည်ဖြစ်ကာ ဆိုက် ရောက်ခန်းမတွင် စျေးဆိုင်များ ပိတ် သိမ်းမည့်ရက် အတိအကျကိုမူ မသတ် မှတ်ရသေးကြောင်း ပြောသည်။

အကောက်ခွန်ကင်းလွတ်ခွင့်ပြု ထားသည့် ဆိုင်များကို ပိတ်သိမ်း လိုက်ပါက ခရီးစဉ်တစ်ခုတွင် ခရီးသွား တစ်ဦးချင်းစီ၏ သုံးစွဲမှုသည် ဘတ် ၅၇၀ ပိုများလာနိုင်ကြောင်း အစိုးရက ခန့်မှန်းထားပြီး ယခုနှစ်တွင် ခရီးသွား ၃၆ သန်းကို ဆွဲဆောင်နိုင်ရန် မျှော်လင့် ထားကြောင်း သိရသည်။ 







(ref:CNA)






အခြားဆက်စပ်သတင်းများ