နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်-ဂျပန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

မနီလာ ဇူလိုင် ၉

နှစ်နိုင်ငံမြေပေါ် တပ်များ အပြန် အလှန်ချထားမှုကို ခွင့်ပြုသည့် အပြန် အလှန်ဝင်ရောက်ခွင့် သဘောတူ စာချုပ်(RAA)ကို ဖိလစ်ပိုင်နှင့် ဂျပန် တို့က ဇူလိုင် ၈ ရက်တွင် လက်မှတ် ရေးထိုးလိုက်ကြောင်း သိရသည်။ 

ယင်းသည်  အင်ဒို-ပစိဖိတ်ဒေသ တင်းမာမှုများ  မြင့်တက်နေစဉ် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှု မှတ်တိုင်တစ်ခုဖြစ်ပြီး  စစ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လွယ်ကူ ချောမွေ့စေသည့်  မူဘောင်တစ်ခု ဖန်တီးမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

မြို့တော်မနီလာတွင် ပြုလုပ် သည့် ယင်းအခမ်းအနားတွင် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တို တီအိုဒိုရိုနှင့်  ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ယိုကိုကာမီကာဝါတို့က ဖိလစ်ပိုင်သမ္မတ  ဖာဒီနန်မားကို့စ် ဂျူနီယာရှေ့မှောက်တွင် သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်ကြောင်း သမ္မတရုံး သတင်းပြန်ကြား ရေးအတွင်းဝန် ချယ်လွိုင်ဂရပ်ဖီလ်က ပြောသည်။ 

 ယခု သဘောတူညီချက်သည် အာရှဒေသတွင်    ဂျပန်နိုင်ငံ၏ ပထမဆုံး လက်မှတ်ရေးထိုးသည့် သဘောတူညီချက်ဖြစ်ပြီး နှစ်နိုင်ငံ လွှတ်တော်များတွင် အတည်ပြုပြီးပါက အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။ 








(ref:Reuters)






အခြားဆက်စပ်သတင်းများ