နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဈေးများအတွင်း ဆောင်ရွက်ထားရှိမှု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇူလိုင် ၉

မိုးရာသီကာလတွင် ဖြစ်ပွား မှုများပြားနိုင်သည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် မြို့နယ်  ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်များ၊ ရပ်ကွက်များအတွင်း၌ အသိပေး နှိုးဆော်စာများ၊ ဆောင်ရန်/ ရှောင်ရန်များပါရှိသည့် လက်ကမ်း စာစောင်များ၊ အသံချဲ့စက်များ ဖြင့် အသိပေးနှိုးဆော်လျက်ရှိ ရာ ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး  ဦးဆောင်၍ ဒုတိယမြို့တော်ဝန် ဦးညီညီ၊            ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ပုဇွန်တောင် မြို့နယ်  ပုဇွန်တောင်ဈေးနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးများသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဈေးများအတွင်း  မြို့နယ် ကျန်းမာရေးဌာနနှင့်ပူးပေါင်း၍ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အလေးထားဆောင်ရွက် ထားရှိမှု၊ သန့်ရှင်းလတ်ဆတ် သောအသား၊ ငါးများ ရောင်းချ မှု၊ ကာလဝမ်းပျက်ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပေးဆိုင်းဘုတ် များကို အများပြည်သူမြင်နိုင်သည့် နေရာများ၌ ချိတ်ဆွဲထားရှိမှု၊ ဈေးရောင်း ဈေးဝယ်များအား အသိပညာပေး နှိုးဆော် စာစောင်များ၊ ဆောင်ရန်/ရှောင်ရန်များပါရှိသည့် လက်ကမ်း စာစောင်များ ဝေငှနေမှု၊ အသား၊ ငါးတန်းများ၌ ယင်လုံ ပိတ်စများဖြင့် ဈေးရောင်း ဈေးဝယ်ပြုလုပ်နေမှု၊ အများသုံး သန့်စင်ခန်းများ သန့်ရှင်းမှုရှိ/မရှိ၊ စျေးအတွင်း ရေလှောင်ကန် များ ကောင်းမွန်မှုရှိ/မရှိ၊ ကုန်ဈေးနှုန်းများ တည်ငြိမ်မှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးများအတွင်း သန့်ရှင်း သာယာလှပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။








သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ရဲမင်းထွန်း






အခြားဆက်စပ်သတင်းများ