နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဈေးတာဝန်ခံအဆင့် လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇) သင်တန်းဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၉

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနက ကြီးမှူးဖွင့်လှစ်သော ဈေးတာဝန်ခံအဆင့် လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ ပန်းဘဲတန်း မြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ သိမ်ကြီးဈေး (ဂ) ရုံရှိ သင်တန်းခန်းမ၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)  ဦးညီညီ တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။ 

ရှေးဦးစွာ ဒုတိယမြို့တော်ဝန်က “ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာန၏ ကွပ်ကဲမှုအောက်ရှိ ဈေးပေါင်း ၁၈၄ ဈေးတွင် တာဝန်ထမ်းဆောင်နေကြသော ဈေးတာဝန်ခံများကို ဌာန၏ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များ၊ ငွေစာရင်းထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စာရင်းစစ် တွေ့ရှိချက်များအပေါ် ဖြေရှင်းဆောင်ရွက်ချက်များကို သိရှိနားလည် စေရန်နှင့် ဈေးများအတွင်း ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာရပ်များ အပြန်အလှန် ဆွေးနွေးခြင်းဖြင့် လုပ်ငန်းတာဝန်များကို ပိုမို ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ဈေးတာဝန်ခံမွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါ ကြောင်း၊ သင်ကြားမည့်ဘာသာရပ်များအနေဖြင့် ပြည်သူလူထု  ကျန်းမာရေးနှင့် စည်ပင်သာယာလုပ်ငန်း၊ ဈေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများ၊ စည်ပင်သာယာဥပဒေ၊ ဈေးများဌာနဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေ၊ ပြည်သူ့ဝန်ထမ်း စည်းမျဉ်း၊ ရုံးစာ ရေးသားနည်း၊ ဈေးတာဝန်ခံ၏ တာဝန်ဝတ္တရားများ၊ e-Government လုပ်ငန်း အကြောင်း၊ ငွေစာရင်းထိန်းသိမ်းခြင်း၊ စာရင်းစစ် စစ်ဆေးခြင်း အကြောင်းတို့ကို သင်ကြားပို့ချမည်ဖြစ်ပြီး ပြင်ပဘာသာရပ်များ အနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတ၊ မှုခင်းကြိုတင်ကာကွယ်ရေးဗဟုသုတ၊ မီးဘေးကြိုတင် ကာကွယ်ရေး၊ လျှပ်စစ်ပိုင်းဆိုင်ရာ ကြိုတင်ကာကွယ်မှုတို့အပြင် တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန၊ ပြည်သူ့ကျန်းမာရေးဌာနနှင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတို့ကလည်း  သက်ဆိုင်ရာခေါင်းစဉ်အလိုက် သင်ကြားပို့ချကြမည်ဖြစ်ပါ ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချပေးမည့် ပညာရပ်များ၊                         







(စာ-၇ သို့)






အခြားဆက်စပ်သတင်းများ