နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဈေးများ၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်မှု ကော်မတီဝင်များ သွားရောက်စစ်ဆေး

ရန်ကုန်  ဇူလိုင်  ၉

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဒေါက်တာဇော်ဝင်း၊ ဒေါက်တာငွေစန်းနှင့် ဦးအောင်နိုင်တို့သည် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ ပိတောက်မြိုင်ဈေးနှင့် အမှတ် (၅) ဈေးတို့သို့ သွားရောက်၍ မိုးရာသီကာလတွင် ဖြစ်ပွားမှု များပြားနိုင်သည့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ မြို့နယ် များ၊ ရပ်ကွက်များအတွင်း၌ အသိပေးနှိုးဆော်စာ များ၊ ဆောင်ရန် ရှောင်ရန်များပါရှိသည့် လက်ကမ်း စာစောင်များ၊ အသံချဲ့စက်များဖြင့် အသိပေး နှိုးဆော်နေမှု၊ ဈေးများအတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေး အလေးထားဆောင်ရွက် ထားရှိမှု၊ သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး များရောင်းချမှု၊ ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေး ဆိုင်းဘုတ်များကို အများပြည်သူမြင်နိုင်သည့် နေရာ များ၌ ချိတ်ဆွဲထားရှိမှု၊ ဈေးရောင်းဈေးဝယ်များ အား အသိပညာပေး နှိုးဆော်စာစောင်များ၊ ဆောင်ရန်၊ ရှောင်ရန်စာများပါရှိသည့် လက်ကမ်း စာစောင်များ ဝေငှနေမှု၊ အသား၊ ငါးတန်းများ၌ ယင်လုံပိတ်စများဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။








သတင်း-မိုးမြင့်မောင်၊ ဓာတ်ပုံ-ရဲမင်းထွန်း






အခြားဆက်စပ်သတင်းများ