နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်  ဇူလိုင်  ၉

ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက သာကေတမြို့နယ် (၁-ထူပါရုံ) ရပ်ကွက်ရှိ စံပြ ဥယျာဉ်ဈေးသို့ရောက်ရှိပြီး ဈေး အတွင်း အသား/ငါးများရောင်းချ သည့် နေရာများနှင့် အခြား ဈေးဆိုင်များ၏ သန့်ရှင်းမှု အခြေအနေ၊ ယင်မနားစေရန် ဆောင်ရွက်ရောင်းချနေမှု ရှိ၊ မရှိ အခြေအနေနှင့် ဈေးအတွင်းသို့ ရေပေးဝေသည့် ရေသိုလှောင် ကန်က ရေဖြန့်ဖြူးမှုစနစ်များ ကို လှည့်လည်ကြည့်ရှုစစ်ဆေး ကြပြီး ရေသိုလှောင်ကန်ကို ကလိုရင်းဆေးခတ်ခြင်း၊ ဈေး အတွင်း လက်ဆေးဆပ်ပြာရည် နှင့် ဆပ်ပြာခဲများ ဖြန့်ဝေခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ် ရေးဆိုင်ရာ ကျန်းမာရေးပညာပေး ပိုစတာများကပ်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် သာကေတမြို့နယ်  အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(သာကေတ မြို့)သို့ရောက်ရှိပြီး ကျောင်း အတွင်း သောက်ရေသန့်ဖြန့်ဖြူး သည့် စနစ်နှင့် ကျောင်းအိမ်သာ များ သန့်ရှင်းမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဓာတ်ဆားထုပ်များ၊ လက်ဆေး ဆပ်ပြာရည်နှင့် ဆပ်ပြာခဲများ ကို ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီး ဌာန တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြီး ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက် စွာ ဆောင်ရွက်ရေး ကိစ္စရပ်များ ကို ဆွေးနွေးကြကာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ Chlorine Drum ၄၀ နှင့် Water Purification Tablet ၅၀၀,၀၀၀ (ငါးသိန်း) လွှဲပြောင်းပေးအပ်သည်။








ဆန်းကျော်ဦး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ