နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းတပင်မြို့နယ်တွင် သုံးဆင့်ကြွေသီးများလဲလှယ်ခြင်း၊ ထရန်စဖော်မာများ ဝန်အားတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်     ဇူလိုင်     ၈

အများပြည်သူလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အား ပြတ်တောက်မှုလျော့နည်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းရေး၊ ဗို့အားပြည့်ဝစွာရှိစေရေးအတွက် ဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသောအန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများခုတ် ထွင်ရှင်းလင်းခြင်း၊ ၃၃ ကေဗွီနှစ်ဆင့်ကြွေသီးအဟောင်းများ အား အရည်အသွေးပိုမိုကောင်းမွန်သည့် သုံးဆင့်ကြွေသီးအသစ် ၆၃၅ လုံးဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို ထန်းတပင်မြို့နယ်အတွင်း ၃၃ ကေဗွီအနောက်ပိုင်း-ထန်းတပင်ဖီဒါ တစ်လျှောက်တွင် ဆောင်ရွက်ကြသည်။

ထို့အပြင် ထရန်စဖော်များလောင်ကျွမ်းမှုမဖြစ်စေရေး ထရန် စဖော်မာများ ဝန်အားတိုင်းတာစစ်ဆေးခြင်း ထရန်စဖော်မာဝင်း ခြံချုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဇူလိုင် ၅ ရက်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြောက်ပိုင်းခရိုင်ထန်းတပင်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာက အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။          







ချစ်ဆောင်(YESC)






အခြားဆက်စပ်သတင်းများ