နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် CAG Engineering ကုမ္ပဏီနှင့် ထိုင်းနိုင်ငံလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီများ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ရန်ကုန်  ဇူလိုင်     ၈

လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု စီမံကိန်းများအတွက် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် CAG Engineering ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီ များ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇူလိုင် ၆ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်သည်။

အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် မြန်မာပြည်တွင်း ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတစ်ခု ဖြစ်သည့် CAG Group of Companies ၏ လုပ်ငန်းတစ်ခုဖြစ်သော CAG Engineering Co., Ltd. နှင့် ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍမှ နည်းပညာကျွမ်းကျင် ကုမ္ပဏီများဖြစ်သည့် PEA Encom Co., Ltd. ၊  i power Co., Ltd. ၊  R & J Co., Ltd.၊  Mega Prime Group၊ Z Carbon တို့ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးကြခြင်းဖြစ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သဘောတူလက်မှတ် ရေးထိုးကြခြင်းဖြစ်ပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းများ၊ လေစွမ်းအင်သုံးလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ၊ မြေအပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများတွင် အတူတကွပူးပေါင်းဆောင်ရွက်ကြရန်အတွက် ကနဦးနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။

CAG Engineering Co., Ltd သည် မြန်မာနိုင်ငံတွင် စုစုပေါင်း ၂၁၀ မဂ္ဂါဝပ် ပမာဏရှိသော ဆိုလာစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ် ရေး စီမံကိန်း ငါးခုတွင် အဓိကအကောင်အထည်ဖော်ဆောင်ရွက်သူ အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် IPP Company တစ်ခုဖြစ် သည်။

အဆိုပါ စီမံကိန်း ငါးခုအနက်မှ ၉၀ မဂ္ဂါဝပ် ပမာဏရှိသည့် ပထမဆုံး စီမံကိန်းတစ်ခုကို နေပြည်တော်ကောင်စီနယ်မြေတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။








အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ