နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသမား အီဒါဆန်ကို ခေါ်ယူရန် အယ်နာဆာအသင်း သဘောတူညီမှုရရှိ

ဇူလိုင် ၈

ဆော်ဒီကလပ် အယ်နာဆာ အသင်းသည် မန်စီးတီးအသင်း ဂိုးသမား အီဒါဆန်ကို ခေါ်ယူရန် ဆွေးနွေးမှုပြုလုပ်ခဲ့ရာ သဘော တူညီမှုရရှိခဲ့ကြောင်း သိရသည်။

အသက် ၃၀ နှစ်အရွယ်ရှိ ဂိုးသမား အီဒါဆန်သည် အယ်နာ ဆာအသင်း၏ နှစ်နှစ်စာချုပ် အတွက် စတာလင်ပေါင် ၅၁ သန်းဖြင့် ကမ်းလှမ်းမှုကို လက်ခံ ကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရှိခဲ့ခြင်းဖြစ်သည်။

ဂိုးသမား အီဒါဆန်သည် ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်း သို့ ရောက်ရှိခဲ့ပြီးနောက် အသင်း နှင့်အတူ ပြိုင်ပွဲစုံ ၃၃၂ ပွဲ ပါဝင် ကစားခဲ့ရာ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ ဖလားတစ်ကြိမ်၊ ယူအီးအက်ဖ် အေစူပါဖလားတစ်ကြိမ်၊ ပရီးမီး ယားလိဂ်ဖလားခြောက်ကြိမ်၊ အက်ဖ်အေဖလားနှစ်ကြိမ်၊ ကာရာဘောင်းဖလားလေးကြိမ်၊ ကွန်မြူနတီဒိုင်းနှစ်ကြိမ် ဆွတ် ခူးနိုင်ခဲ့ကာ အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။

မန်စီးတီး အသင်းသည် ဂိုးသမား အော်တီဂါကို သက်တမ်း  နှစ်နှစ်တိုးခဲ့သဖြင့် အီဒါဆန် ထွက်ခွာသွားပါက ပထမဦးစား ပေး ဂိုးသမားနေရာတွင် အသုံး ပြုရန် စီစဉ်ထားသော်လည်း အေစီမီလန် ဂိုးသမား မိုင်ဂန်၊ ပေါ်တို ဂိုးသမား ဒီယေဂိုကော် စတာတို့ကို အီဒါဆန်၏နေရာ တွင် အစားထိုးရန် ကြိုးပမ်းနေ ကြောင်း သိရသည်။     

                             







သူရိန်






အခြားဆက်စပ်သတင်းများ