နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်္ဂလားဒေ့ရှ် ရေကြီးမှု လူပေါင်းနှစ်သန်း ထိခိုက်

ဒါကာ ဇူလိုင်၈

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေကြီး ရေလျှံမှုဖြစ်စဉ်အတွင်း  လူနှစ်သန်း ခန့် ထိခိုက်ပြီး  ယခုသီတင်းပတ် အတွင်း သေဆုံးသူ ရှစ်ဦးအထိ ရှိလာ ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၇ ရက်တွင် ပြောကြားသည်။

မြောက်ပိုင်းကျေးလက်မြို့ ရှာဂျာ ဒါတွင်  ရေကြီးနေချိန်လှေမှောက် သဖြင့် လူငယ်နှစ်ဦး သေဆုံးပြီး လျှပ်စစ်ကြိုးများနှင့်ငြိ၍ ဓာတ်လိုက် သေဆုံးသူသုံးဦးရှိကာ ရေဘေးနှင့် ဆက်စပ်သော အခြားဖြစ်စဉ်များ ကြောင့် သေဆုံးသူ သုံးဦးရှိကြောင်း ရဲမှူး ဆာဘာရာနာက ပြောသည်။

လက်ရှိတွင်  ရေဘေးကြောင့် ရွှေ့ပြောင်းနေရသူများအတွက် ကယ် ဆယ်ရေးစခန်းများ ရာနှင့်ချီကာ ဖွင့်လှစ်ထားပြီး နိုင်ငံမြောက်ပိုင်းရှိ ထိခိုက်မှု အများဆုံး ခရိုင်များသို့ သောက်ရေ၊ စားနပ်ရိက္ခာနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင် ထားကြောင်း အစိုးရက ပြောသည်။

ရေဘေးဒဏ်ကို လူပေါင်း သန်းချီ ခံစားနေရပြီး နိုင်ငံအတွင်း ခရိုင် ၁၇ ခုတွင် ရေကြီးနေကြောင်း ၊ အကြီးဆုံး ဗြမ္မပုတ္တရာမြစ်သည် စိုးရိမ် ရေမှတ်ကို ကျော်လွန်စီးဆင်းနေခြင်းကြောင့် လာမည့်ရက်များတွင် ရေကြီးမှု အခြေအနေပိုဆိုးလာနိုင်ကြောင်း ဘေး အန္တရာယ်စီမံခန်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။








(ref:AFP)






အခြားဆက်စပ်သတင်းများ