မော်စကို ဇူလိုင် ၈
ရွှေ့ပြောင်းလွယ် မိုဘိုင်း နျူကလီယား ဒုံးကျည်ပစ် လောင်ချာများ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်နေ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ယားစ်အမျိုးအစား ဒုံးပစ် လောင်ချာတပ်သားများသည် ကီလို မီတာ ၁၀၀ ကျော်အထိ ရွေ့လျား ကာကွယ်မှုနှင့် တပ်ဖြန့်မှုများ လေ့ကျင့်ရန် စီစဉ်ထားပြီး အနာဂတ် လေ့ကျင့်မှုများတွင် တပ်ဖွဲ့ဝင်များ ပိုမိုပါဝင်လာမည်ဟု ဆိုသည်။
မဟာမိတ် ဘီလာရုစ်နှင့်အတူ နည်းဗျူဟာ နျူကလီယား လက်နက် များ ဖြန့်ကြက်လေ့ကျင့်မှု ပြုလုပ်ပြီး နောက် တစ်လမပြည့်မီ မိုဘိုင်းနျူ ကလီယားလက်နက်များနှင့် လေ့ကျင့်မှု ကို ကြေညာလိုက်ခြင်းဖြစ်ပြီး တော လမ်းတစ်လျှောက် ရွေ့လျားနေသည့် မိုဘိုင်းလောင်ချာကို တပ်ဖွဲ့ဝင်များက နေရာချနေသည့် ဗီဒီယိုကို လည်း နိုင်ငံပိုင်မီဒီယာတွင် ထုတ်လွှင့်ပြသ လျက်ရှိသည်။
(ref:Reuters)