မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးသွားရောက် အလုပ် လုပ်ကိုင်နေကြသည်မှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ ယခုအခါ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ၏ လုပ်သားပို့ဆောင်မှုများမှာ အရှိန်ရလျက်ရှိသည်။
အလုပ်သမားဝန်ကြီးဌာနသည် ၁၉၉၉ ခု ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေအရ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းရရှိရေး၊ အလုပ်သမားစေလွှတ်သည့် ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန် များ၊ ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်စေရေး၊ နိုင်ငံတော် အတွက် ဝင်ငွေများရရှိစေရေး ပြည်ပရောက်အလုပ်သမားများ အနေဖြင့် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်း ကြောင်းများမှ ပြန်လည်လွှဲပို့စေရေးအတွက် စွမ်းဆောင်ရာ တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်မှုသည် အရေးပါသည်။
အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက် အလက်များကို စိစစ်၍ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ အေဂျင်စီများအနေဖြင့် အလုပ်သမားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် သတ်မှတ်ဝန်ဆောင်ခများထက် ပိုမိုကောက်ခံခြင်း မပြုရန် လိုအပ်သကဲ့သို့ အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထား သည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ အေဂျင်စီများက စနစ်တကျ၊ မှန်မှန်ကန်ကန် စေလွှတ်ပေးရန်လိုအပ်သည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများဖြင့် တရားဝင်သွားရောက် လုပ်ကိုင်နိုင်သည့်တိုင်အောင် တရားမဝင် ပို့ဆောင်သူများ၊ ပွဲစားများနှင့်ချိတ်ဆက်ပြီး တစ်ဖက်နိုင်ငံသို့ ခိုးဝင်မှုများကြောင့် တစ်ဖက်နိုင်ငံတွင် ဖမ်းဆီးခံရသည့်သတင်းများ ကို တွေ့ရသည်။ တရားမဝင် အလုပ်ကိုင်ရာ၌လည်း လုပ်ခငွေကြေး နှင့် အခွင့်အရေးတို့ အပြည့်အဝမရခြင်း ဥပဒေ၏အကာအကွယ်ကို မရရှိခြင်း၊ ဆုံးရှုံးမှုများစွာကို ကြုံတွေ့ရနိုင်သည်။
သို့ဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရ၍ အလုပ် သမားဝန်ကြီးဌာနမှ ရာသက်ပန် ပိတ်သိမ်းခံထားရသည့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီမျာကိုလည်း သိရှိ ထားရန် လိုအပ်သကဲ့သို့ တရားဝင်အေဂျင်စီများက စေလွှတ်ထား သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံတွင် အခက်အခဲတစ်စုံ တစ်ရာ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ လိုက်ပါကူညီ ဖြေရှင်းပေးရန်နှင့် ယင်းနိုင်ငံ၏ အလုပ်သမားဥပဒေပါ အခွင့်အရေး များ၊ အကျိုးခံစားခွင့်များကို ကူညီဆောင်ရွက်ပေးရန် လိုအပ်သည် ဟု ဆိုချင်ပါကြောင်း။