ရန်ကုန် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် စာရေးဆရာ အသင်းတွေ့ဆုံပွဲနှင့် စာပေ ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် ရွှေစေတီလမ်းရှိ စာရေးဆရာကြီး တက္ကသိုလ် မြတ်သူနေအိမ်၌ ကျင်းပ သည်။ (ယာပုံ)
ရှေးဦးစွာ ဒေါပုံမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကျော်စိန်သန်း (တက္ကသိုလ် ကျော်စိန်သန်း) က အဖွင့်အမှာ စကားပြောကြားသည်။
အဆိုပါ ဟောပြောပွဲတွင် တစ်သက်တာစာပေဆုရှင် အလင်္ကာကျော်စွာ စာရေးဆရာ ကြီး တက္ကသိုလ်မြတ်သူက စာပေနှင့် သစ္စာတရားကို လည်းကောင်း၊ ဆရာဘသက်ဆွေ က လောကကိုအလှဆင်ကြသူ များကိုလည်းကောင်း၊ ဆရာ အောင်ချစ်စိုး (လသာ) က ဘ၀ထဲက စာ၊ စာထဲက ဘ၀ကို လည်းကောင်း အသီးသီး ဟောပြောကြသည်။
ထို့နောက် မြန်မာနိုင်ငံစာရေး ဆရာအသင်းဗဟိုကော်မတီ၀င် ဆရာမင်းဆက်ပိုင်နှင့် ဒေါပုံ မြို့နယ် စာရေးဆရာအသင်း နာယကတို့က မုဒိတာစကား ပြောကြားကြပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
ဟောပြောပွဲသို့ မြို့နယ် စာရေးဆရာအသင်းများမှ စာရေးဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
အောင်မြင့်ဌေး
(မြို့တော်သတင်း)