နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ လှည်းကူး၊ မှော်ဘီနှင့် တိုက်ကြီးမြို့နယ်များတွင် မိုးစပါးစိုက်ပျိုးနေမှုများ ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဇူလိုင်   ၈

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် များသည် ယမန်နေ့ နံနက်ပိုင်းက လှည်းကူး၊ မှော်ဘီနှင့် တိုက်ကြီး မြို့နယ်များတွင် မိုးစပါးစိုက်ပျိုးနေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးရာ လှည်းကူးမြို့နယ်၊ တံခွန်တိုင်အင်းစိန်ကျေးရွာ တွင် တောင်သူ ဦးမျိုးမင်းထိုက်၏ လယ်မြေ ခုနစ်ဧကတွင် စူပါနှံ ကောက်စပါးမျိုးစေ့အား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုး နေမှုကိုလည်းကောင်း၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ တောင်သူ ဦးကျော်မြင့်၏ လယ်မြေ ခုနစ်ဧက၊ ဦးဝင်းဦး၏ လယ်မြေ တစ်ဧကကျော်နှင့် ဦးဌေးဝင်း၏ လယ်မြေ ခုနစ်ဧကတို့တွင် ကရင်မ မျိုးစပါးအား Seeder ဖြင့် စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူကျေးရွာ တောင်သူ ဦးကျော်ဝင်းအောင်၏ လယ်မြေ ၁၆ ဧကတွင် မှော်ဘီဆန်း-၃ မျိုးစပါးနှင့်       ခြောက်ဧကတွင် ပခန်းရွှေဝါ မျိုးစပါးများအား ကောက်စိုက်သမများက ပျိုးထောင်စိုက်ပျိုးနေမှု များကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်များမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူ များနှင့် တွေ့ဆုံရာတွင် Seeder ဖြင့် စိုက်ပျိုးကြ ရန်နှင့် Seeder ဖြင့် စိုက်ပျိုးခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများနှင့် ပန်းတိုင်အထွက်နှုန်းတိုး ရေး အထောက်အကူဖြစ်စေမှုကိုလည်းကောင်း၊ တစ်သီးစားမှ နှစ်သီးစားဖြစ်အောင် စိုက်ပျိုးခြင်း ဖြင့် တောင်သူများ ဝင်ငွေရလမ်း ပိုမိုရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်းကောင်း ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားသည်။








ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ