နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆွစ်ဇာလန်ကို အနိုင်ရ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်တက်

ဇူလိုင် ၇

ယူရိုဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်အင်္ဂလန်အသင်းနှင့် ဆွစ်ဇာလန်အသင်းတို့ ယမန်နေ့ ညပိုင်းက ယှဉ်ပြိုင်ကစားကြ ရာ အင်္ဂလန်အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် နှစ်သင်းစလုံး၏ တိုက်စစ်က အားနည်းနေခဲ့ ပြီး ဂိုးကန်သွင်းခွင့်များ အနည်းငယ်သာ ဖန်တီးနိုင်ခဲ့ကာ ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။

ပထမပိုင်းတွင် နှစ်သင်းစလုံး ထိန်းကစားနေခြင်းကြောင့် ပွဲက အနည်းငယ်အေးခဲ့သည်။ အင်္ဂလန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဖိအားပေးရန် ကြိုးပမ်းခဲ့သော်လည်း ဆွစ်ဇာလန်အသင်း ၏ ခံစစ်မာကျောမှုကြောင့် ကျော်ဖြတ်ရန် ခက်ခဲနေသကဲ့သို့ ဆွစ် ဇာလန်အသင်း၏ တန်ပြန်တိုက်စစ်မှာလည်း ထိရောက်မှုမရှိခြင်း ကြောင့် ဂိုးမရှိ သရေဖြင့်သာ ပထမပိုင်းပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း ပွဲကစားချိန် ၇၅ မိနစ်တွင် အမ်ဘိုလို၏ သွင်းဂိုးဖြင့် ဆွစ်ဇာလန် အသင်း ပွဲကိုဦးဆောင်ခွင့်ရရှိခဲ့သော်လည်း ၈၀ မိနစ်တွင် အင်္ဂလန် အသင်း တောင်ပံကစားသမား ဆာကာ၏ အဝေးကန်ချက်ဖြင့် ချေ ပဂိုးခွင့်ပြုခဲ့ရကာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့ပြီး အချိန်ပို ဆက် လက်ယှဉ်ပြိုင်ခဲ့ရသည်။

အချိန်ပိုတွင်လည်း နှစ်သင်းစလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိ သောကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ အင်္ဂလန်အသင်းက ကစားသမား ငါးဦးစလုံး ဂိုးဝင်ခဲ့သော်လည်း ဆွစ်ဇာလန်အသင်း ကစားသမား အကန်းဂျီး၏ ကန်ချက်ကို ဂိုးသမားနစ်ပုပ်ကာကွယ် နိုင်ခဲ့ပြီး အင်္ဂလန်အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရ ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ထို့ပြင် နယ်သာလန်အသင်းနှင့်တူကီယဲလ်အသင်းတို့ ပွဲစဉ်တွင် နယ်သာလန်အသင်းက နှစ်ဂိုး၊ တစ်ဂိုးဖြင့်အနိုင်ရရှိပြီး ဆီမီးဖိုင် နယ်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

ယူရိုဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် အင်္ဂလန်အသင်းနှင့် နယ်သာလန်အသင်းတို့ ဇူလိုင် ၁၁ ရက်တွင်     ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                                                                       







သူရိန်






အခြားဆက်စပ်သတင်းများ