နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်သမ္မတရွေးကောက်ပွဲ ခွဲစိတ်ဆရာဝန်ကြီး မာဆွတ်ပက်ဇက်ရှ်အနိုင်ရ

တီဟီရန်၊ ဇူလိုင် ၇

 အီရန်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ပြုပြင်ပြောင်းလဲ ရေးဝါဒီ ခွဲစိတ်ဆရာဝန်ကြီး မာဆွတ် ပက် ဇက်ရှ်ခီယန်သည် သဘောထား တင်းမာသည့် ရှေးရိုးစွဲပြိုင်ဘက် ဆာအိဂျာလီလီ ကို အနိုင်ရရှိကြောင်း တရားဝင်ထုတ်ပြန်သည့် မဲရလဒ်တွင် ဖော်ပြသည်။ 

မဲသန်း ၃၀ ကျော် ရေတွက်ပြီးချိန် ဒေါက်တာ ပက်ဇက်ရှ်ခီယန်သည် မဲ ၅၃ ဒသမ ၃ ရာခိုင်နှုန်း ရရှိထားပြီး ဂျာလီလီက ၄၄ ဒသမ ၃ ရာခိုင်နှုန်း ရရှိကာ သမ္မတရွေးကောက်ပွဲ ပထမ အကျော့တွင် မဲထက်ဝက်ကျော်ရသူ မရှိခြင်းကြောင့် မဲအများဆုံးရသူ နှစ်ဦးသည် ဇူလိုင် ၅ ရက်တွင် ထပ်မံ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

အီရန်တွင် သမ္မတအီဘရာဟင်မ် ရိုင်ဆီ ရဟတ်ယာဉ်ပျက်ကျကွယ်လွန် သွားပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်ကာ ပြည်ထဲရေးဝန်ကြီး ဌာနက မဲရလဒ် မကြေညာမီမှာပင် ဒေါက်တာ ပက်ဇက်ရှ်ခီယန်ကိုထောက်ခံ သူများက လမ်းပေါ်ထွက် အောင်ပွဲခံနေ ကြပြီဖြစ်သည်။ 

အသက် ၇၁ နှစ်အရွယ်ရှိနှလုံးခွဲစိတ် ဆရာဝန်ကြီးသည် သမ္မတ ရွေးကောက် ပွဲ ဝင်ပြိုင်ခွင့်ရသူများတွင် တစ်ဦးတည်း သော သဘောထားပျော့ပြောင်းသူဟု သတ်မှတ်ခံရသူဖြစ်ပြီး အီရန်ကိုကမ္ဘာ ကြီးနှင့်ဝေးကွာနေမှုများကို အဆုံး သတ် ရေး ကြိုးပမ်းမည်ဟု ကြွေးကြော် ထားသူဖြစ်သည်။             

 







(ref:Reuters)






အခြားဆက်စပ်သတင်းများ