နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယဝန်ကြီးချုပ် ရုရှား သွားမည်

မော်စကို ဇူလိုင် ၇

ရုရှား ယူကရိန်းအရေး စတင်ပြီး နောက်ပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ လာမည့် ဇူလိုင် ၈ ရက် နှင့် ၉ ရက်တွင် သွား ရောက် မည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းအရေးသည် ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေးကို စမ်းသပ်သည့် စစ်ဆင်ရေး တစ်ခုဖြစ် သကဲ့သို့ အိန္ဒိယသည် ရုရှားမှ ရေနံ များကို ပိုမိုဝယ်ယူပြီး ရုရှားအပေါ် ချမှတ်ထားသည့် အနောက်အုပ်စု၏ ပိတ်ဆို့ဒဏ်ခတ်မှုများတွင်လည်း ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ယခုတွေ့ဆုံမည့်တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ် မိုဒီနှင့်သမ္မတပူတင်တို့ သည် ယခင်ကတည်းက ရှိခဲ့ကြသည့် ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ရေးအပြင် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အစီအစဉ် များနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ ကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အိန္ဒိယဝန်ကြီးချုပ်သည်ရုရှား နယ်စပ်၌ပိတ်မိနေပြီး ရုရှားထောက်ပံ့ ရေး တပ်သားအဖြစ်သော်လည်းကောင်း ယူကရိန်းစစ်မြေပြင်၌ သော်လည်းကောင်း တိုက်ပွဲဝင်ရန် ဖိအားပေးခံနေရသည့် အိန္ဒိယနိုင်ငံသားများကို ပြန်လွှတ်ပေး ရန် ယခုနှစ်ဆန်းပိုင်းက ရုရှားကိုတောင်း ဆိုထားသည်။








(ref:AFP)






အခြားဆက်စပ်သတင်းများ