ရန်ကုန် ဇူလိုင် ၇
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပြည်သူ့ကျန်းမာရေးဌာနသည်အများပြည်သူနေရာများတွင် ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခုမိုးဦးကျကာလ အတွင်းပြည်သူများအဖြစ်များသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက် ပျံ့နှံ့မှုမရှိစေရေးနှင့်ရောဂါဖြစ်ပွားသည့်လူနာများအား အချိန်မီကုသနိုင်ရေး အတွက် ဇူလိုင် ၆ ရက်က မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်း များနှင့် ပူးပေါင်း၍ ဗိုလ်တထောင်မြို့နယ်၊အမှတ်(၁)ရက်ကွက်နှင့် (၂)ရပ်ကွက်အတွင်းဝမ်းပျက်ဝမ်းလျှောရောဂါလူနာ(၄၀)ဦးဖြစ်ပွားပြီး (၁၂)ဦး ဆေးရုံတက်ရောက်ကုသခဲ့ရာ ယခုတွင် ဆေးရုံမှဆင်း၍ ပြန်လည် ကောင်းမွန်ပြီးဖြစ်သဖြင့် ထိုသို့ ထပ်မံမဖြစ်ပွားရန်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ကွင်းဆင်းအဖွဲ့များ ပူးပေါင်းအင်အားဖြင့် ကလိုရင်းဆေးခတ်ခြင်း၊ဆေးဖျန်းခြင်း၊ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် ပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်း၊ကျန်းမာရေးအသိပညာပေးခြင်းများအား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယဉ်မွန်