နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာကေတမြို့နယ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှော လူနာများထံ သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်   ဇူလိုင်  ၇

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ဒေါက်တာငွေစန်းသည် ပြည်သူ့ ကျန်းမာရေးဌာန၊ ဌာနမှူး ဒေါက်တာမြင့်သန်းထွန်း အပါ အဝင် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက် ပိုင်းက သာကေတမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်၍ ဝမ်းပျက် ဝမ်းလျှောဖြစ်ပွားသော လူနာများအခြေအနေနှင့်ဖြစ်ပွားရခြင်းအကြောင်းအရာများကို မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးနှင့် မြို့နယ်ကျန်းမာရေး တာဝန်ခံတို့ကို မေးမြန်း၍ လိုအပ်သည့်ဆေးဝါးအကူအညီ များနှင့်အတူ ကြိုတင်လုပ် ဆောင်ရမည့် နည်းလမ်းများ ပြောကြားသည်။

ထိုမှတစ်ဆင့် မြို့နယ်ကျန်း မာရေးဦးစီးဌာနသို့သွားရောက်၍မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်း ရေးဌာနက ကွင်းဆင်းအဖွဲ့များ နှင့်တွေ့ဆုံကာ ရောဂါဖြစ်ပွား ရခြင်းအကြောင်းအရာများကို စုံစမ်းမေးမြန်းပြီး ဝမ်းပျက်၊ ဝမ်းလျှော အများဆုံးဖြစ်ပွား သော၁/အနော်မာရပ်ကွက်၊ လမ်းသစ်၂ လမ်းသို့ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်သည်။

ထို့နောက် ရပ်ကွက်အတွင်း ရှိလူနာအိမ်များ၊ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားရ ခြင်းနှင့်ပတ်သက်၍အကျယ် တဝင့်ရှင်းလင်းပြောကြားကာကျန်းမာရေး ပညာပေးလုပ်ငန်း များဆောင်ရွက်ပေးသည်။

ထို့နောက် ဝမ်းပျက်၊ ဝမ်း လျှောဖြစ်ပွားပါက ကုသရန်ဖွင့် လှစ်ထားသော အနော်မာ ၁၃ လမ်းရှိ Mobile Clinic ဆေးခန်း သို့သွားရောက်၍ လူနာများကို အားပေးစကားများ ပြောကြား သည်။

                     

                     







မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ