နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေး မြို့တော်သတင်းစာတိုက်နှင့် ပုံနှိပ်လုပ်ငန်း ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဇူလိုင် ၇

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြား ရေးဌာန၊ ခေတ္တဌာနမှူး ဦးဇော် မင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ညနေပိုင်း က ကြည့်မြင်တိုင်မြို့နယ်၊ ဟံသာ ဝတီလမ်းရှိ မြို့တော်သတင်းစာ တိုက်နှင့်ပုံနှိပ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားသည်။

ရှေးဦးစွာ မြို့တော်ဝန်က မှာကြားရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သည် ရန်ကုန်မြို့တော်ကို သန့်ရှင်းသာယာလှပသည့် မြို့တော်အဖြစ် နေ့စဉ်အဘက် ဘက် က ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ သို့ဖြစ်၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပါပြဋ္ဌာန်းချက်များကို မြို့တော်နေပြည်သူများ ကိုယ် တိုင်သိရှိလိုက်နာလာစေရေး တွင် မြို့တော်သတင်းစာသည် အရေးပါသည့်မီဒီယာတစ်ခုဖြစ် ကြောင်း၊ ထို့ပြင် နေ့စဉ်ဖြစ်ပေါ် နေသည့် သတင်းမှန်များကို လည်း အချိန်နှင့်တစ်ပြေးညီ ပြည် သူများဖတ်ရှုနိုင်ရေးအတွက်   အမှားအယွင်းကင်းစွာကြီးကြပ် ထုတ်ပြန်ပေးကြရန် လိုအပ် ကြောင်း၊သဘာဝဘေးအန္တရာယ် များ ကြိုတင်ကာကွယ်နိုင်ရေး နှင့်မြို့တော်နေပြည်သူများ ကျန်းမာပျော်ရွှင်စွာနေထိုင် ရေးကိုအထောက်အကူပြုသည့် သတင်းနှင့်ဆောင်းပါးများကို လည်း ဖော်ပြပေးရန် လိုအပ် ကြောင်း၊ မြို့တော်နေပြည်သူ များ လိုက်နာဆောင်ရွက်ရန် ကိစ္စများနှင့် ဆောင်ရန်၊ရှောင် ရန်များ သိရှိရေးတို့အတွက် မေတ္တာရပ်ခံချက်များကိုဖော်ပြ ပေးရန်လိုအပ်ကြောင်း မှာကြား သည်။

ဆက်လက်၍ ပြည်သူ့ဆက် ဆံရေးနှင့်ပြန်ကြားရေးဌာန ခေတ္တဌာနမှူး ဦးဇော်မင်းအောင် နှင့်တာဝန်ရှိသူများက မြို့တော် သတင်းစာလုပ်ငန်း ဆောင်ရွက် မှုများနှင့် ပုံနှိပ်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ ရာ မြို့တော်ဝန်က လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် မြို့တော်ဝန်သည် သတင်းစာတိုက်လုပ်ငန်းများ နှင့် ပုံနှိပ်တိုက်လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး  ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြော ကြားသည်။  

             






 (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ