နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ရှင်ဂျာမနီကို အနိုင်ရ စပိန်အသင်း ယူရိုဖလား ဆီမီးဖိုင်နယ်တက်

ဇူလိုင် ၆

ယူရိုဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်အသင်းနှင့် ဂျာမနီ အသင်းတို့ ယမန်နေ့ညပိုင်းက ယှဉ်ပြိုင်ကစားကြရာ စပိန်အသင်းက ဂျာမနီအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင်အိမ်ရှင် ဂျာမနီအသင်းက အခွင့်အရေးပိုမိုရရှိခဲ့ သော်လည်း အဆုံးသတ်လိုအပ်ချက်များကြောင့် ရှုံးပွဲကြုံတွေ့ကာ ကွာတားဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး စပိန်အသင်းက နောက်ကျဂိုးဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင် ခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်ကစား ခဲ့ပြီး အခွင့်အရေးကိုယ်စီရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဂိုးမရှိသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန် ၅၁ မိနစ်တွင် အော်လ်မိုက စပိန်အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ ဂိုးရရှိပြီးနောက် စပိန် အသင်းက ခံစစ်အသားပေးပုံစံဖြင့် ကစားခဲ့ပြီး တန်ပြန်တိုက်စစ်က ဂျာမနီအသင်းကို ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။

ဂျာမနီအသင်းက ချေပဂိုးရရှိရေး တရစပ်တိုက်စစ်ဆင်ကစားခဲ့ ပြီး ဂိုးကန်သွင်းခွင့်များ ဖန်တီးနိုင်ခဲ့သော်လည်း တိုက်စစ်ကစားသမား များ အဆုံးသတ်လိုအပ်ချက်ရှိနေသကဲ့သို့ စပိန်ဂိုးသမားဆိုင်မွန် လက်စွမ်းပြနေခြင်းကြောင့် ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။

သို့သော် ပွဲကစားချိန် ၈၉ မိနစ်တွင် ဖလော်ရီယန်ဗက်ဇ်က ဂျာမနီ အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ပြီး တစ်ဖက်တစ် ဂိုးစီ ပွဲပြီးဆုံးခဲ့ခြင်းကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။

အချိန်ပိုတွင် နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့ ကြပြီး ပွဲပြီးဆုံးခါနီးတွင် မီရီနို၏ ခေါင်းတိုက်သွင်းဂိုးဖြင့် စပိန်အသင်း နိုင်ပွဲရရှိကာ ယူရိုဖလား ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပေါ်တူဂီအသင်းနှင့် ပြင်သစ်အသင်းတို့ ပွဲစဉ်တွင်လည်း   ပြင်သစ်အသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင် နယ်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

ယူရိုဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် စပိန်အသင်းနှင့် ပြင်သစ်အသင်းတို့ တွေ့ဆုံလျက်ရှိပြီး ဇူလိုင် ၁၀ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ 








သူရိန်






အခြားဆက်စပ်သတင်းများ