နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်ရွေးကောက်ပွဲ လေဘာပါတီ အပြတ်အသတ်အနိုင်ရ

လန်ဒန်၊ ဇူလိုင် ၆

ဗြိတိန် အထွေထွေ ရွေးကောက်ပွဲ တွင် လေဘာပါတီက အပြတ် အသတ် အနိုင်ရရှိကြောင်း ပါတီ ခေါင်းဆောင် ကီယာ စတာမာက ပြော သည်။

ရွေးကောက်ပွဲ အနိုင်၊ အရှုံး စာရင်းကို မကြေညာရသေးချိန်တွင် ပင် လေဘာပါတီက စုစုပေါင်း အောက်လွှတ်တော် အမတ်နေရာ ၆၅၀ ၏ ထက်ဝက် ၃၂၅ နေရာကို ရရှိသွားခြင်းဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် ရီရှီဆူးနက်ခ်၏ ကွန်ဆာဗေး တစ်ပါတီ က အမတ်နေရာ ၁၄၄ နေရာခန့်သာ အနိုင်ရကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုနှင့် ပတ်သက်၍ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နှင့် လက်ရှိဝန်ကြီးချုပ် တာဝန်ယူထားသူ ရီရှီဆူးနက်ခ်က ပါတီရှုံးနိမ့်မှုအတွက် အပြည့်အဝ တာဝန်ယူကြောင်း ပြောကြားထားပြီး လေဘာပါတီ ခေါင်းဆောင်ကီယာ စတာမာကို ဖုန်းခေါ်ဆိုကာ ဂုဏ်ပြု ချီးကျူးခဲ့ကြောင်း သိရသည်။

ကွန်ဆာဗေးတစ်က ကာကွယ်ရေး ဝန်ကြီးဂရန့်ရှက်ပ်စ်၊ အောက်လွှတ်တော် ဥက္ကဋ္ဌ ပင်နီမောဒေါင့်နှင့်ဝန်ကြီးဟောင်း ဂျက်ကော့ဘ်ရီးစ်မော့ဂ်တို့သည် ၎င်း တို့ မဲဆန္ဒနယ်များတွင် ရှုံးနိမ့်ကာ အမတ်နေရာများကို လက်လွှတ်ရမည် ဖြစ်သည်။                          








(ref: BBC)






အခြားဆက်စပ်သတင်းများ