နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် လွတ်လပ်ရေးနေ့ ဟော့ဒေါ့စားပြိုင်ပွဲကျင်းပ

ဝါရှင်တန်၊ ဇူလိုင် ၆

အမေရိကန်နိုင်ငံ နယူးယောက် မြို့ရှိ ကွန်နေးကျွန်းတွင်  လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အဖြစ် ဟော့ဒေါ့ စားပြိုင်ပွဲကို ကျင်းပနေပြီး ယှဉ်ပြိုင် သူများက ဟော့ဒေါ့အလုံး ဒါဇင်နှင့် ချီကာ အပြိုင်စား ပြလျက်ရှိကြောင်း သိရသည်။

နှစ်စဉ် အမေရိကန် လွတ်လပ်ရေး နေ့တွင် ကျင်းပသည့် အဆိုပါပြိုင်ပွဲတွင် ယခုနှစ် အမျိုးသမီး ချန်ပီယံသည် မီကီဆူဒိုဖြစ်ပြီး ၎င်းသည် ဟော့ဒေါ့ ၅၁ ခုကို ၁၀ မိနစ်အတွင်း စားပြကာ ပြိုင်ပွဲစံချိန် ချိုးလိုက်ခြင်း ဖြစ်သည်။ 

အမျိုးသားပြိုင်ပွဲတွင် ချီကာဂိုမြို့ရှိ ပက်ထရစ်ဘာတိုလတ်တီဆိုသူက ဟော့ဒေါ့ ၅၈ လုံး အမြန်စားပြပြီး မတ်စတာ့ဒ် ခါးပတ်ကို ဆွတ်ခူးခဲ့ကာ ယင်းဟော့ဒေါ့စား ပြိုင်ပွဲကို ၁၉၈၀ ပြည့်နှစ်ကစပြီး ယနေ့အထိ အမေရိကန် လွတ်လပ်ရေးနေ့တွင် ကျင်းပလာခြင်း ဖြစ်သည်။








(ref: Reuters)






အခြားဆက်စပ်သတင်းများ