နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိလစ်ပိုင်ကမ်းခြေ သန့်ရှင်းရေး ပလတ်စတစ်အမှိုက်နှင့်ဆန် လဲလှယ်

မနီလာ ဇူလိုင် ၅

ဖိလစ်ပိုင်မြို့တော် မနီလာအနီးရှိ မာဘီနီမြို့တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအတွက် ဒေသခံများကို ပညာပေးရန် ပလတ်စတစ်အမှိုက် များနှင့် ဆန် အလဲအလှယ် လုပ်ပေးသည့် အစီအစဉ်ကို စေတနာ့ဝန်ထမ်းအဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဘာတန်ဂတ်စ်ပြည်နယ်ရှိ မာဘီနီ ဧရိယာသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှား အပါအဝင် နိုင်ငံခြောက်ခုကို ဝန်းရံထားသည့် ကမ္ဘာ့ အဏ္ဏဝါ ဇီဝမျိုးစုံ မျိုးကွဲများ၏ ဗဟိုဖြစ်သော သန္တာတြိဂံ အစိတ်အပိုင်းဖြစ်ပြီး နာမည်ကျော် ရေငုပ်နေရာတစ်ခုလည်း ဖြစ်သည်။ 

ကမ်းရိုးတန်းတလျှောက်အမှိုက် များသည် တစ်နှစ်ထက်တစ်နှစ် ပို များလာခြင်းကြောင့် ပလတ်စတစ်နှင့် ဆန်လဲလှယ်ပေးသည့် ပရော့ဂျက် ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပရို ဂရမ်ခေါင်းဆောင် ဂူလီယိုအန်ဒယာက ပြောသည်။

မာဘီနီဒေသခံများအနေဖြင့် ကမ်းခြေမှစုဆောင်းထားသည့်အမှိုက် ထုပ်များကို ဆန်တစ်ကီလိုဖြင့် လာ ရောက်လဲလှယ်နိုင်ပြီး အမှိုက်များ ကို အလေးချိန်မတွက်ချက်ဘဲ လဲပေး မည်ဖြစ်ကာ ယခုပရော့ဂျက်ကို ပုဂ္ဂလိက လူပုဂ္ဂိုလ်များနှင့်အဏ္ဏဝါ ထိန်းသိမ်းရေးအတွက် ထောက်ခံ အားပေးသည့် ကုမ္ပဏီငယ်များက လှူဒါန်းမှုနှင့်ရန်ပုံငွေ ထောက်ပံ့ပေး ထားကြောင်း သိရသည်။








(ref:Reuters)






အခြားဆက်စပ်သတင်းများ