နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံခြားသားများ အလုပ်ခန့်ထားရေး စနစ်သစ် ဂျပန်တွင် ဆောင်ရွက်မည်

တိုကျို ဇူလိုင် ၅

ဂျပန်နိုင်ငံတွင် အလုပ်သမား ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အလုပ်ခန့်ထားရေးစနစ်နှင့် သင်တန်း သစ်များပါဝင်သည့် အစီအစဉ်သစ် ကို နိုင်ငံခြားအလုပ်ရှင်၊အလုပ်သမားများအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းနှင့် အလုပ်ခန့်ထားရေး စနစ်သစ်တွင် နိုင်ငံခြားဝန်ထမ်းများ၏ ကုမ္ပဏီပြောင်းလဲရေး ကန့်သတ်ချက် များကို ဖြေလျှော့ပေးထားပြီး စာချုပ် သက်တမ်းသုံးနှစ်အပြီး မိခင်နိုင်ငံသို့ ပြန်ရန် မဖြစ်မနေ လိုအပ်ချက်များကို ဖယ်ထုတ်ထားကြောင်း သိရသည်။

 ထို့ပြင် စနစ်သစ်တွင် ဂျပန် ဘာသာစကားနှင့်နည်းပညာကျွမ်း ကျင်မှု လိုအပ်ချက်ပြည့်မီသည့် နိုင်ငံခြား သားလုပ်သားများကို အလုပ်ရှင်ပြောင်း ရန် ခွင့်ပြုထားကာ လုံလောက်သည့် နည်းပညာစွမ်းရည်နှင့်အဓိက လိုအပ်ချက် ပြည့်မီသူများသည် အမြဲတမ်း နေထိုင် ခွင့်ပါ လျှောက်ထားနိုင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ၁၃ နှစ်ဆက်တိုက် လူဦးရေ လျော့ကျနေပြီး အသက် ၇၅ နှစ်အထက် လူဦးရေသည် လူဦးရေ စုစုပေါင်း၏ ၁၆ ဒသမ ၁ ရာခိုင်နှုန်း ရှိနေခြင်းကြောင့် နိုင်ငံအတွင်း အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ၏ ၇၀ ရာခိုင်နှုန်းသည် လုပ်သားပြတ် လပ်မှုကို ကြုံတွေ့နေရကြောင်း သိရ သည်။

ယခုစနစ်သစ်သည် ဆောက်လုပ် ရေး၊ သူနာပြု၊ စိုက်ပျိုးရေးနှင့်ကားပြင် သည့်လုပ်ငန်းများ အပါအဝင် လုပ်သား ပြတ်လပ်မှု ဆိုးရွားနေသည့် လုပ်ငန်း များတွင် နိုင်ငံခြားသားလုပ်သားများ ပိုမိုလွယ်ကူစွာ လုပ်ကိုင်နိုင်မည်ဖြစ် ကြောင်း ပညာရှင်များက ပြောသည်။                             







(ref: Reuters)






အခြားဆက်စပ်သတင်းများ