နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝက်ဂိုဗီ အဆီကျဆေး တရုတ် စျေးကွက်တင်သွင်းရန် ထောက်ခံချက်ရရှိ

ပေကျင်း ဇွန် ၂၇

နိုဗာ နော်ဒစ်ကုမ္ပဏီထုတ် နာမည်ကြီး ဝက်ဂိုဗီ ကိုယ်အလေးချိန် ကျဆေးကို တရုတ်ပြည် စျေးကွက် တင်သွင်းရန်  တရားဝင် အတည်ပြု ထောက်ခံချက်ရရှိသွားပြီဖြစ်ကြောင်း ကုမ္ပဏီက ဇွန် ၂၆ ရက်တွင် ကြေညာ သည်။ 

နိုဗာ နော်ဒစ် ကုမ္ပဏီသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စျေးကွက်ကြီးတွင် ဝက်ဂိုဗီ ဆေးဝါးထုတ်ကုန်ကို တင် သွင်း ရောင်းချခွင့်ရပြီဖြစ်ကာ အပတ် စဉ်ထိုးဆေးကို တိုက်ရိုက် ပေးချေ ဝယ်ယူလိုသည့် တရုတ်လူနာများကို ဦးတည်ရောင်းချသွားမည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံတွင် ကိုယ်အလေးချိန် တက်သူ သက်လတ်ပိုင်း အရေအတွက် သည် ၂၀၃၀ ပြည့်နှစ်တွင် သန်း ၅၄၀ အထိ ရှိလာနိုင်ပြီး ယင်းသည် ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း သိရသည်။

နိုဗာနော်ဒစ်ကုမ္ပဏီ၏  ကိုယ် အလေးချိန် ကျဆေးတစ်ခုဖြစ်သည့် အိုဇမ်ပစ်သည်လည်း ၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံတွင် တရားဝင်အတည်ပြု ထောက်ခံချက်ရထားပြီး ယမန်နှစ်က ဆေးရောင်းရငွေ အမေရိကန်ဒေါ်လာ သန်း ၆၉၀ ကျော်ရရှိထားကြောင်း သိရ သည်။      







(ref:CMG)






အခြားဆက်စပ်သတင်းများ