နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုပြိုင်ပွဲ၏ အသက်အကြီးဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် မိုဒရစ် စံချိန်တင်

ဇွန်  ၂၆

ယူရိုပြိုင်ပွဲ အုပ်စု (B)  နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့ သည့် ခရိုအေးရှားအသင်းနှင့် အီတလီအသင်းတို့ တစ်ဘက် တစ်ဂိုးစီဖြင့် သရေကျခဲ့သည့် ပွဲစဉ်တွင် ခရိုအေးရှားအသင်း အတွက်  ဦးဆောင်ဂိုး သွင်းယူ ခဲ့သည့် ကွင်းလယ်ကစားသမား မိုဒရစ်က ယူရိုပြိုင်ပွဲ သမိုင်း တစ်လျှောက် အသက်အကြီး ဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

မိုဒရစ်သည် ခရိုအေးရှား အသင်းအတွက် ဒုတိယပိုင်း ပွဲကစားချိန် ၅၄ မိနစ်အရောက် တွင် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ ကာ အသက် ၃၈ နှစ် ၂၈၉ ရက် ဖြင့် ဂိုးသွင်းယူနိုင်သည့် အသက် အကြီးဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ် သည်။

ယူရိုပြိုင်ပွဲ သမိုင်းတစ် လျှောက်တွင် ဩစတြီးယား ကစားသမား အီဗီဆာမက်စတစ် က ၂၀၀၈ ခုနှစ် ယူရိုပြိုင်ပွဲတွင် ပိုလန်အသင်းအား ဂိုးသွင်းယူ နိုင်ခဲ့ပြီးနောက် ၃၈ နှစ် ၂၅၇ ရက်ဖြင့် အသက်အကြီးဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် စံချိန် တင်ခဲ့သော်လည်း ယခုပွဲစဉ် တွင် မိုဒရစ်က ခရိုအေးရှား အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် အီဗီ ဆာမက်စတစ်၏ စံချိန်ကို ကျော် ဖြတ်နိုင်ခဲ့သည်။ 

ယူရိုပြိုင်ပွဲ အုပ်စု (B)  ပွဲစဉ်များပြီးဆုံးချိန်တွင် စပိန် အသင်းက သုံပွဲကစား သုံးပွဲ စလုံးအနိုင်ရရှိပြီး ရမှတ် ၉ မှတ် အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်း နိုင်ခဲ့ကာ အီတလီအသင်းက ရမှတ် ၄ မှတ်ဖြင့် ဒုတိယ၊ ခရိုအေးရှားအသင်းက ရမှတ် ၂ မှတ်ဖြင့် တတိယ၊ အယ်ဘားနီး ယားအသင်းက ရမှတ် ၁ မှတ်ဖြင့် စတုတ္ထနေရာတွင် အသီးသီးရပ် တည်လျက်ရှိသည်။         






သူရိန်






အခြားဆက်စပ်သတင်းများ