နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးစင်တာများ ဆိုက်ဘာတိုက်ခိုက်ခံရ

ဂျကာတာ ဇွန် ၂၆

အင်ဒိုနီးရှားနိုင်ငံ  လူဝင်မှု ကြီးကြပ်ရေး ဒေတာစင်တာကို ဆိုက်ဘာတိုက်ခိုက်ကာ ဒေါ်လာရှစ် သန်းဖြင့် ပြန်ပေးဆွဲထားကြောင်း ဟက်ကာအဖွဲ့က အစိုးရထံ အသိပေး ထားသည်။

အင်ဒိုနီးရှားနိုင်ငံ လေဆိပ်များ၏ လူဝင်မှုစစ်ဆေးရေးစနစ်များကို ဟက်ကာများက ရယူထားခြင်းဖြစ်ပြီး ပတ်စ်ပို့စစ်သည့် စက်များသည် ဟက်ကာများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေကြောင်း ဆက်သွယ်ရေး ဝန်ကြီးက ပြောသည်။

ဟက်ကာများသည် Lockbit 3.0 ဆော့လ်ဝဲ အသုံးပြုပြီး တိုက်ခိုက်ခြင်း ဖြစ်ကာ Lockbit ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သည့်အဖွဲ့သည် ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ငွေညှစ်ရာတွင် နာမည်ကြီးသည့်အဖွဲ့ ဖြစ်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လူဝင်မှုကြီးကြပ်ရေး ဒေတာများ ပြန်ရ ရန် အာရုံစိုက်လုပ်ဆောင်နေသည် ဟု ဆိုသည်။

ဆိုက်ဘာတိုက်ခိုက်သည့် ဟက်ကာများသည် ဒေါ်လာရှစ်သန်း ပေးမည်ဆိုပါက ဒေတာများပြန်ပေး မည်ဟု ပြောကြားထားပြီး တောင်း ဆိုသည့် ငွေပမာဏကို လက်မခံပါက အဖွဲ့အစည်းနှင့် လူများ၏ လျှို့ဝှက် အချက်အလက်များကို ထုတ်ပြန်ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းများ လုပ်ဆောင် မည်ဖြစ်သည်။







(ref:CNA)






အခြားဆက်စပ်သတင်းများ