ဂျာကာတာ ဇွန် ၂၆
နူဆန်တာရာမြို့ကို အင်ဒိုနီးရှား နိုင်ငံ မြို့တော်အဖြစ်သတ်မှတ် ပြောင်းရွှေ့ပြီးပါက လက်ရှိမြို့တော် ဂျကာတာကို စီးပွားရေးအချက် အချာမြို့အဖြစ် ပြောင်းလဲသတ်မှတ် မည်ဖြစ်ကြောင်း အင်ဒိုနီးရှားလွှတ် တော်က ကြေညာသည်။
ဇွန်လသည် ဂျာကာတာမြို့ တည်ထောင်ခြင်း ၄၉၇ နှစ်ပြည့်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး ၁၇ ရာခိုင်နှုန်းနီးပါး လည်ပတ်နေသည့် မြို့ ဖြစ်ခြင်းကြောင့် ကမ္ဘာ့အဆင့်မြို့အဖြစ် ဆက်လက်တည်ရှိနေရန် အင်ဒိုနီးရှား လွှတ်တော်က သတ်မှတ်ကြေညာခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် အဖြစ် နူဆန်တာရာမြို့ကို တရားဝင် သတ်မှတ်ထားပြီး အစိုးရရုံးလည်း ယင်းနေရာတွင် အထိုင်ချမည်ဖြစ် ကာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံ တန်ကြေးရှိ စီမံကိန်းကြီးများ ပြုလုပ် နေကြောင်း သိရသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို သည် နိုင်ငံ၏ မြို့တော်ကို ပြောင်းလဲ သတ်မှတ်မည်ဟု ၂၀၁၉ ခုနှစ်က စတင်ကြေညာထားပြီး စီးပွားရေးမြို့ အဖြစ်ထားရှိရန် စီစဉ်ထားကာ ရေကြီးမှု၊ ရေသန့်ရှားပါးမှု၊ အိုးအိမ် မလုံလောက်မှု၊ ယာဉ်ကြောပိတ်ဆို့မှု၊ လေထုညစ်ညမ်းမှုနှင့် အမှိုက်စနစ် မကောင်းမှုများကို စနစ်တကျ ကိုင် တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
(ref:CNA)