နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၅ အာဖရိကဖလားပြိုင်ပွဲ လာမည့်နှစ် ဒီဇင်ဘာလမှသာ ကျင်းပမည်

ဇွန်  ၂၅

မော်ရိုကိုနိုင်ငံတွင် ကျင်းပ မည့် ၂၀၂၅ အာဖရိကဖလားပြိုင် ပွဲကို လာမည့်နှစ် ဒီဇင်ဘာလမှ သာ ကျင်းပသွားမည်ဖြစ်ကြောင်း  အာဖရိက ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

၂၀၂၅ အာဖရိကဖလားပြိုင် ပွဲကို မော်ရိုကိုနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ရရှိထား သော်လည်း လာမည့်နှစ်တွင် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ များ ကျင်းပမည်ဖြစ်သောကြောင့် အာဖရိက ဘောလုံးအဖွဲ့ချုပ်က နှစ်နှစ်လျှင် တစ်ကြိမ် ဇန်နဝါရီ လမှ ဖေဖော်ဝါရီလအထိ ကျင်းပလျက်ရှိသည့် ပြိုင်ပွဲကို ဒီဇင်ဘာလမှသာ ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက် မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အထိ ပြုလုပ်သွားမည်ဖြစ် သည်။

ထို့ပြင် အမျိုးသမီး အာဖရိ ကဖလားပြိုင်ပွဲကိုလည်း နောက်  ဆုတ်ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၅ ရက်မှသာ မော်ရိုကိုနိုင်ငံ၌ ပြုလုပ်သွား မည်ဖြစ်သည်။

လက်ရှိတွင် အာဖရိက ကစားသမားများသည် ဥရောပ နှင့် အခြား ကမ္ဘာ့ကလပ်များ တွင် သွားရောက်ကစားနေသည့် အတွက် ဥရောပကလပ်အသင်း များအနေဖြင့် အာဖရိက ကစား သမားများကို ပြိုင်ပွဲသို့ စေလွှတ် နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် အာဖရိက ကစားသမားများအပေါ် စိတ်ဝင် စားမှု မြင့်တက်လာစေရန် အာဖ ရိကဖလားပြိုင်ပွဲကို ဥရောပ ဘောလုံးပြိုင်ပွဲကို ရာသီဝင်ရပ် နားချိန်ကာလသို့ ပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။






သူရိန်






အခြားဆက်စပ်သတင်းများ