နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီယာနေး၏နေရာတွင် ကက်ဒီအိုဂလူနှင့် အစားထိုးရန် အာဆင်နယ်အသင်း ပြင်ဆင်

ဇွန်  ၂၅

အာဆင်နယ်အသင်းသည် ခံစစ်ပိုင်းတွင် ပုံစံကောင်းပျောက် ဆုံးနေသည့် တီယာနေးအား အသင်းမှရောင်းချရန် ဆုံးဖြတ် ထားပြီး ၎င်း၏နေရာတွင် ဖီနာ ဘာချီအသင်း၌  ခြေစွမ်းပြသနေ သည့် ခံစစ်ကစားသမား ကက်ဒီ အိုဂလူနှင့် အစားထိုးရန် ပြင်ဆင် လျက်ရှိသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ကက်ဒီအိုဂလူသည် ဘယ်တောင်ပံ ခံစစ်ပိုင်းတွင် တိုက်စစ်ပိုင်းသို့ပါ လိုက်ပါကစားနိုင်သူဖြစ်သကဲ့သို့  ပြီးခဲ့သည့် ဘောလုံးရာသီက ဖီနာဘာချီအသင်းအတွက် ပြိုင် ပွဲစုံ ၅၁ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး သုံးဂိုးနှင့် ဂိုးဖန်တီးမှု ငါးကြိမ်ထိ ပြုလုပ်ကာ ခြေစွမ်း ပြသနေသောကြောင့် အာဆင် နယ်အသင်းက ကစားသမား၏ ခြေစွမ်းပိုင်းကို သဘောကျနေ ကာ တီယာနေး၏နေရာတွင် အစားထိုးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

လက်ရှိတွင် ဖီနာဘာချီ အသင်းနှင့် လာမည့် ၂၀၂၆ ခုနှစ် ထိ စာချုပ်သက်တမ်း ကျန်ရှိနေ သည့် ခံစစ်ကစားသမားကို အာဆင်နယ်အသင်းက ပြောင်းရွှေ့ ကြေး ယူရို သန်း ၂၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဖီနာ ဘာချီအသင်းက ကက်ဒီအိုဂလူ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းအထိ အလိုရှိနေခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းသည် နွေရာသီ အပြောင်းအရွှေ့ကာလ တွင် ခံစစ်ပိုင်းမှ ဇင်ချန်ကိုနှင့် တီယာနေးတို့ကို လက်လွှတ်ရန် ဆုံးဖြတ်ထားသောကြောင့် ခံစစ် ကစားသမား ကက်ဒီအိုဂလူကို ပြန်လည်ခေါ်ယူ၍ အသင်းခံစစ် ပိုင်း အင်အားဖြည့်တင်းရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။







သူရိန်






အခြားဆက်စပ်သတင်းများ