နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ် နျူစွမ်းအင်ထူထောင်ရန် ရုရှားကူညီမည်

မော်စကို ဇွန် ၂၅

ဗီယက်နမ်တွင် နျူဓာတ်အားပေး စက်ရုံများ  တည်ဆောက်နိုင်ရန် ကူညီမည်ဖြစ်ကြောင်း ရုရှားအစိုးရ နျူကလီယားလုပ်ငန်း Rosatom ၏ အကြီးအကဲ အလက်ဆီလီခါချက်ဗ်က ဇွန် ၂၄ ရက်တွင် ပြောသည်။

ယင်းနှင့်ပတ်သက်၍ ရုရှားသည် ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်ကို ကမ်းလှမ်းထားပြီး သမ္မတပူတင်၏ ဟနွိုင်းခရီးစဉ်အတွင်း ဖြစ်နိုင်ခြေရှိ သည့် ပူးပေါင်းဆောင်ရွက်မှု အားလုံး ကို ကမ်းလှမ်းထားကြောင်း လီခါချက်ဗ် က ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် ပထမဆုံး နျူဓာတ်အားပေးစက်ရုံနှစ်ရုံ တည် ဆောက်မည့် အစီအစဉ်များကို ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး ရုရှားသည် ထိုကာလမတိုင်မီကတည်းက အဆင့် မြင့် ဓာတ်ပေါင်းဖိုများ ပါဝင်သည့် စွမ်းအားမြင့်ယူနစ် အခြေခံထားသည့် စီမံကိန်းကို ဗီယက်နမ်အတွက် မိတ် ဆက်ပေးထားပြီး ဖြစ်ကြောင်း သိရ သည်။

သမ္မတ ပူတင်သည် ဗီယက်နမ် နိုင်ငံ အလည်အပတ် ခရီးအတွင်း ရုရှားနှင့် ဗီယက်နမ်၏ စွမ်းအင်ကဏ္ဍ အပါအဝင် နှစ်နိုင်ငံကြား သဘော တူညီချက်အများအပြားကို လက်မှတ် ရေးထိုးထားကြောင်း သိရသည်။ 






(ref:Reuters)






အခြားဆက်စပ်သတင်းများ