နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟာ့ဂ်ျဘုရားဖူးခရီးစဉ်အတွင်း သေဆုံးသူ ထောင်ကျော် မြင့်တက်

ရီယာ့ဒ် ဇွန် ၂၅

ယခုနှစ် ဟာ့ဂ်ျဘုရားဖူး ခရီးစဉ် အတွင်း ပြင်းထန်အပူချိန်ကြောင့်  သေဆုံးသူအရေအတွက် စုစုပေါင်း ၁,၃၀၁ ဦးထိ မြင့်တက်လာကြောင်း ဆော်ဒီအာရေဗျ ကျန်းမာရေးဝန်ကြီး ဖာဟာ့ဒ် ဒါလ် ဂျလာဂျေက ဇွန် ၂၄ ရက် တွင် ပြောသည်။

လုံလောက်သည့် အမိုးအကာမရှိဘဲ နေရောင်တိုက်ရိုက်အောက်တွင် ခရီးဝေးလမ်းလျှောက်ရခြင်းကြောင့် ဘုရားဖူးများ သေဆုံးခြင်းဖြစ်ပြီး သေဆုံးသူများတွင် သက်ကြီးရွယ်အို များနှင့် နာတာရှည် ရောဂါအခံရှိသူများ လည်း ပါဝင်ကြောင်း သိရသည်။

ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရာသီဥတုအခြေအနေကြောင့် ဘုရားဖူးရန် ကျန်းမာရေး၊အသက်အရွယ်စစ်ဆေးပြီးမှ ခွင့်ပြုပေးခြင်း ဖြစ်ပြီး သေဆုံးသူ ၈၃ ရာခိုင်နှုန်းသည် ဘုရားဖူးရန် ခွင့်ပြုချက်ရထားသူများ မဟုတ်ကြောင်း ဝန်ကြီးက ပြောသည်။








(ref:AFP)






အခြားဆက်စပ်သတင်းများ