နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီစီးပွားရေးဝန်ကြီး ရှန်ဟိုင်း BMW စင်တာသို့ သွားရောက်လည်ပတ်

ရှန်ဟိုင်း ဇွန် ၂၅

ဂျာမနီ စီးပွားရေးဝန်ကြီး ရောဘတ် ဟားဘက်သည် ယင်း၏ တရုတ်ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ရှန်ဟိုင်းရှိ BMW သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးစင်တာသို့ ဇွန် ၂၄ ရက်က သွား ရောက်လည်ပတ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂအနေဖြင့် တရုတ် EV များ အခွန်စည်းကြပ်မှုကြောင့် တရုတ်နှင့် ထိပ်တိုက်တွေ့နေချိန် တရုတ်နိုင်ငံကို ရောက်ရှိနေသည့် မစ္စတာ ဟားဘက်သည် တရုတ်နိုင်ငံနှင့် အခွန်စည်းကြပ်မှုဆိုင်ရာ ခိုင်မာသည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည်ဟု ဆိုသည်။ 

လျှပ်စစ်ကားများ ထုတ်လုပ်မှု ကို တရုတ်အစိုးရက အလွန်အကျွံ ထောက်ပံ့ထားသည်ဟု အီးယူက ယူဆ ထားသောကြောင့် တရုတ်နိုင်ငံ ထုတ် လျှပ်စစ်ကားများ တင်သွင်းမှုအပေါ် ကြီးလေးသည့် အခွန်အခများ ကောက်ခံ ရန် ဥရောပသမဂ္ဂက အဆိုပြုခဲ့ သည်။

မစ္စတာဟားဘက်၏ ယခုခရီးစဉ် သည်    အီးယူအဆင့်မြင့်အရာရှိ တစ်ယောက် အနေဖြင့် ပထမဆုံးဖြစ်ပြီး နိုဝင်ဘာလအထိ အကောက်ခွန် ကိစ္စရပ် အတွက် အီးယူနှင့် တရုတ်ကြားဆွေးနွေး ရန် အချိန်ယူဆောင်ရွက်မည်ဟု ယင်း က ပြောသည်။                     

   





(ref:AFP)






အခြားဆက်စပ်သတင်းများ