နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုန်းတော်ကြီး ဒလိုင်းလားမား ဆေးကုသရန် အမေရိကန် ရောက်ရှိ

နယူးယောက် ဇွန် ၂၅

တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားသည် ယင်း၏ဒူးခေါင်း များအတွက် အမေရိကန်တွင် ဆေး ကုရန်  နယူးယောက်မြို့သို့ရောက်ရှိ နေကြောင်း ဇွန် ၂၄ ရက် သတင်းများ တွင် ဖော်ပြသည်။

ဒလိုင်းလားမားကို ၎င်း တည်းခို မည့် နယူးယောက် မြို့လယ်မန်ဟက် တန်ရပ်ကွက်ရှိ ဟိုတယ် အပြင်ဘက် တွင် ရိုးရာဝတ်ရုံများ၊ ဝတ်ကောင်း စားလှ ဝတ်ဆင်သူ အများအပြားက ကြိုဆိုကြသည်။

ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ် က တိဘက်တွင် တရုတ်အုပ်စိုးမှုကို ဆန့်ကျင်သည့် လူထုအုံကြွမှု ကျရှုံး ပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေး ခဲ့ခြင်းကြောင့် ၎င်းကို အန္တရာယ်ရှိ ခွဲထွက်ရေးသမားအဖြစ် တရုတ်ပြည်မ ကြီးအစိုးရက သတ်မှတ် ထားသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒလိုင်းလားမားသည် ဝေးလံခေါင်ဖျား တောင်တန်းဒေသတွင် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီ မှု ရရန် ဆယ်စုနှစ်များစွာ လုပ် ဆောင် ခဲ့ပြီး ၎င်း၏ ယခင် အမေရိကန် ခရီးစဉ်များအတွင်း အမေရိကန် သမ္မတများ အပါအဝင် အမေရိကန် အရာရှိများနှင့် တွေ့ဆုံခဲ့ကာ ယခုခရီး တွင်မူ အမေရိကန် ခေါင်းဆောင်များ နှင့် တွေ့ဆုံခြင်း ရှိ၊မရှိကို မထုတ်ပြန် ကြောင်း သိရသည်။





(ref: Reuters)






အခြားဆက်စပ်သတင်းများ