နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တံကောက်ကြောဒဏ်ရာကြောင့် အက်ဆွန်အယ်ဗာရာဇ် လာမည့်ပွဲစဉ်များ လွဲချော်ဖွယ်ရှိ

ဇွန်  ၂၄

ကိုပါအမေရိကဖလား အုပ်စု ပွဲစဉ်အဖြစ် ကစားခဲ့သည့် မက္ကဆီ ကိုအသင်းက ဂျမေကာအသင်း ကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ သောကြောင့် လာမည့်ပွဲစဉ်များ ကို လွဲချော်ဖွယ်ရှိကြောင်း သိရ သည်။ 

ပရီးမီးယားလိဂ်ကလပ် ဝက်စ်  ဟမ်းအသင်းတွင် ကစားနေ သည့် မက္ကဆီကို ကစားသမား အက်ဆွန်အယ်ဗာရက်ဇ်သည် နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၈၀ အထိ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပြီး ယခုပွဲစဉ်တွင် အသင်း ခေါင်းဆောင်အဖြစ် ဦးဆောင် လာခဲ့သော်လည်း ပွဲကစားချိန် မိနစ် ၃၀ အရောက်တွင် တံတောက်ကြောဒဏ်ရာ ပြင်းထန် စွာရရှိခဲ့မှုကြောင့် အသင်းဖော် ကစားသမား ရိုမိုနှင့် လူစားလဲ ထွက်ခွာခဲ့ရသည်။

လက်ရှိတွင် အက်ဆွန်အယ် ဗာရက်ဇ်၏ ဒဏ်ရာအခြေအနေ ကို လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် မည်သည့် ကာလအထိ အနားယူရမည်ကို မသိသေးသော်လည်း နည်းပြ လိုဇာနိုက ကစားသမားအနေ ဖြင့် ကိုပါအမေရိကဖလားပြိုင်ပွဲ ကို လွဲချော်ဖွယ်ရှိကြောင်း ပြော ကြားခဲ့သည်။

"အက်ဆွန်ဟာ အသင်း အတွက် အရေးကြီးတဲ့သူဖြစ် သလို အသင်းရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ  ပြိုင်ပွဲတစ်ပွဲကို ဘယ်လိုကစားရ မလဲဆိုတာကို ကောင်းကောင်း သိပါတယ်။ လက်ရှိ စစ်ဆေးမှု တွေ ပြုလုပ်နေတာကြောင့် လာမယ့်နှစ်ရက်လောက်မှ  ဒဏ်ရာအခြေအနေကို အတိအကျ သိရမှာပါ"ဟု နည်းပြ လိုဇာနိုက ပြောသည်။                                  










 သူရိန်






အခြားဆက်စပ်သတင်းများ