ဇွန် ၂၃ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူး ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၅ ဦးဖြင့် အမှတ် (၅) ရပ်ကွက်၊ တကောင်းလမ်းရှိ အမှတ် (၄) အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း လဲပြိုအပင်ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှတ် (၆) ရပ်ကွက်၊ ကေတုမတီလမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းဝင်း စိမ်းလန်းစိုပြည်ရေး မိုးရာသီခရေပင် ၅၀ စိုက်ပျိုးရန် မြေပြုပြင်ခြင်း၊ အမှတ် (၁၅) ရပ်ကွက်၊ ရွာလယ်လမ်းရှိ လမ်းနယ် အဖီအဆွယ်ကျူးကျော်မှုများ ရှင်းလင်း၍ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူ ရှင်းလင်းခြင်း၊ သုမင်္ဂလာလမ်းတစ်လျှောက် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက် ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက် နှင့်မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။
ယဉ်မွန်