နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်ကျွန်းတစ်ဝိုက် တရုတ်စစ်လေယာဉ် ၄၁ စင်း ကင်းလှည့်လှုပ်ရှား

တိုင်ပေ ဇွန် ၂၄

ထိုင်ဝမ်ကျွန်းပတ်လည်တွင် တရုတ်စစ်လေယာဉ် ၄၁ စင်းသည် ၂၄ နာရီပတ်လုံး လှည့်လည် လှုပ်ရှား နေကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇွန် ၂၃ တွင် ပြောကြားသည်။ 

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အစိတ်အပိုင်းအဖြစ် အခိုင်အမာပြောဆိုထားပြီး  ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာ စေရန် အင်အားအသုံးပြုမှုကို လုံးဝ စွန့်လွှတ်မည်မဟုတ်ကြောင်း ပြော ကြားထားသည်။

ပြီးခဲ့သည့်လက   ထိုင်ဝမ် ခေါင်းဆောင်သစ် လိုင်ချင်တီ စတင် တာဝန်ယူပြီးနောက် ထိုင်ဝမ်အပေါ် တရုတ်ပြည်မကြီး၏ ဖိအားများ တိုးမြင့်လာကာ ကျွန်းတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ 

တရုတ်အစိုးရသည် ထိုင်ဝမ် လွတ် လပ်ရေးကို ထောက်ခံသူများအား အလွန်ပြင်းထန်သည့် သေဒဏ်ပေး ခြင်းများ အပါအဝင် တရားစီရင် ရေးဆိုင်ရာ လမ်းညွှန်ချက်များကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထား သည်ဟု ထိုင်ဝမ်အစိုးရက ဆိုသည်။ 








(ref:CNA)






အခြားဆက်စပ်သတင်းများ