နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုမြောက်ပိုင်း ရေဘေး ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်

မက္ကဆီကိုစီးတီး ဇွန် ၂၄

မက္ကဆီကိုမြောက်ပိုင်းတွင် ဆန်တာ ကာတာရီနာ မြစ်ရေ လျှံတက် ပြီး ရေကြီးမှုဖြစ်ပေါ်နေခြင်းကြောင့် ရေဘေးအတွင်း  ပိတ်မိနေသည့် ဒေသခံများကို  ရဟတ်ယာဉ်ဖြင့် လိုက်လံ ကယ်ဆယ်ပေးနေကြောင်း သိရသည်။

ဆန်တာကာတာရီနာ  မြစ်ရေ သည် မကြာသေးမီက အယ်လ်ဘာတို အပူပိုင်းမုန်တိုင်း တိုက်ခတ်သွားပြီး နောက် နောက်ဆက်တွဲ မိုးသည်းထန် စွာ ရွာသွန်းခြင်းကြောင့် မြစ်ရေလျှံမှု ဖြစ်ပွားနေခြင်းဖြစ်သည်။ 

မြစ်ရေလျှံမှုအတွင်း  ဒေသခံ ၄၀ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်း ထားပြီး ရေလျှံမှုတွင် သောင်တင် ပိတ်မိနေသည့် လူ ၁၀၀ ခန့်သည် ကယ်ဆယ်ရေး ရဟတ်ယာဉ်လာသည့် အချိန်ကို စောင့်ဆိုင်းနေကြကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

ဟာရီကိန်းမုန်တိုင်း အယ်လ်ဘာ တိုသည် လက်ရှိတွင် အပူပိုင်းမုန်တိုင်း အဖြစ် အားပျော့သွားပြီး မက္ကဆီကို နိုင်ငံ မြောက်ပိုင်း ကုန်းတွင်းဒေသ ကို ဝင်ရောက်သွားပြီ ဖြစ်သော်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန် စွာ ရွာသွန်းမှုနှင့်အတူ ရေကြီး ရေလျှံမှု များ ဆက်လက်  ဖြစ်နေပေါ်လျက်ရှိ သည်။                             







(ref:AP)






အခြားဆက်စပ်သတင်းများ